6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၊ ၂၀၁၆
M-Media

germany

– ဂျာမနီ ပြည်တွင်းရှုံးထွက်ဖလားတစ်ခုဖြစ်သည့် DFB Pokal ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်မှစ၍ လူစားဝင်ကစားသမား ၄ ဦးအထိ ခွင့်ပြုသွားမည်ဖြစ်ကာ၊ လာမည့်နှစ်တွင် ပွဲစဉ်တစ်လျှောက်လုံး၌ အသုံးပြုသွားမည်ဟု သိရသည်။

DFB ပြိုင်ပွဲကျင်းပသူများက နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ IFAB သို့ တင်ပြခဲ့ပြီးနောက် ထိုစနစ်သစ်ကို အသုံးပြုရန် ခွင့်ပြုချက် ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကစားမည့် DFB Pokal ကွာတားဖိုင်နယ်ပွဲများတွင် အချိန်ပိုရောက်ရှိပါက စတုတ္ထမြောက် လူစားဝင်ကစားသမားတစ်ဦးကို အသုံးပြုခွင့်ရမည်ဖြစ်သည်။

DFB ၏ ဒုဥက္ကဌဖြစ်သူ ပီတာ ဖရိုင်းမက်ကမူ မိမိတို့အနေဖြင့် ထိုကဲ့သို့ စမ်းသပ်အသုံးပြုခွင့်ရသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်ဟု ပြောကြားခဲ့သည်။

“ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးတွေကို ကလပ်အသင်းတွေအားလုံး တွေ့မြင်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ ပြီးတော့ ပြိုင်မှာ ဒီလို ပြောင်းလဲမှုလုပ်ဖို့လည်း ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်။ ဒီရှေ့ပြေးစီမံကိန်းမှာ ပါဝင်တာဟာ ဒီ စတုတ္ထလူစားလဲမှုအတွက် သုံးသပ်ခွင့် ရစေမှာဖြစ်ပြီး၊ အကျိုးကျေးဇူးတွေကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲအပေါ် သက်ရောက်နိုင်တဲ့ ဆိုးကျိုးတွေကိုလည်း တွက်ချက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဖရိုင်းမက်က ပြောကြားခဲ့သည်။

အဆိုပါ ၄ ယောက်လူစားဝင်မှုစနစ်ကို ဘရာဇီးလ်အိုလံပစ်နှင့် ကမ္ဘာအသင်းများ ကမ္ဘာ့ဖလားပွဲတွင်လည်း စမ်းသပ် အသုံးပြုခဲ့ပြီဖြစ်သည်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကလည်း ယခုနှစ် FA ဖလား ကွာတားဖိုင်နယ်အဆင့်မှစ၍ ထိုစနစ်ကို စမ်းသပ် အသုံးပြုသွားမည်ဟု ကြေငြာထားသည်။

Ref: Goal

Comments are closed.