အောက်တိုဘာ၊ ၁၄၊ ၂၀၁၂
M-Media
မန္တလေး။ ။ ယနေ့ ၁၄-၁၀-၂၀၁၂ တနင်္ဂနွေနေ့လည်ပိုင်းတွင် မစိုးရိမ်တိုက်ဟောင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာသံဃာနာယက ဆရာတော်ကြီးများနှင့် မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော်အမှူးပြုသော သံဃာတော်များနှင့် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း အသီးသီးမှခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး သစ်တောနှင့် သတ္ထုတွင်း၊ သာသနာရေးဝန်ကြီးမှ တွေ့ဆုံ၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ-လက်ရှိ ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်ပြီးရှင်းလင်း တင်ပြလျှောက်ထားခဲ့ပါသည်။
ဆရာတော်ကြီးများက အိုအိုင်စီ နှင့်ပတ်သက်၍ သံဃာတော်များ ဗုဒ္ဓဘာသာဝင်များ၏ စိုးရိမ်ပူပန်မှု များကိုမိန့်ကြားခဲ့ပြီး ဝန်ကြီးမှ အိုအိုင်စီရုံးဖွင့်လှစ်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ယနေ့ည၈နာရီသတင်းတွင် တရားဝင်ကြော်ငြာပေးမှာဖြစ်ကြောင်း လျှောက်ထားခဲ့ ပါသည်။
ဆရာတော်များနှင့်အစ္စလာမ်ဘာသာခေါင်းဆောင်များက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး-ဘာသာရေး အထင်အမြင်လွဲမှုများပပျောက်ရေး-ဖြစ်ပေါ်နေသောပဋိပက္ခများ ငြိမ်းအေးစေရေးတို့အတွက် ငြိမ်းချမ်းရေးတရားများ အပြန်အလှန်ပြောဟောပြီး-ချစ်ကြည်ရင်းနှီးစွာဖြင့် အခမ်းအနားရုပ်သိမ်းလိုက်ပါသည်။
အခန်းအနားတွင် ဆရာတော်ဦးဝီရသူမှ ဘာသာပေါင်းစုံ ဆုတောင်းပွဲများကို အစိုးရမှပိတ်ပင်ခြင်းများမပြုပါရန် မိန့်ကြားမှုအပေါ် ဝန်ကြီးမှ ခွင့်ပြုပေးပါမည့် အကြောင်းဖြေကြားခဲ့ပါသည်။
Source: Maungmaung Skw FB
Comments