6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၈၊ ၂၀၁၇
M-Media

– ဆီးရီးယားဒုက္ခသည်များ ၀င်ရောက်ခွင့်ကို လုံးဝပိတ်ပင်ပြီး၊ အမေရိကန်သို့ ဒုက္ခသည်ဝင်ရောက်မှုကို ကန့်သတ်မည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပင်တဂွန်၌ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

‘နိုင်ငံခြား အကြမ်းဖက်သမားများ နိုင်ငံအတွင်း ၀င်ရောက်မှုကို ကာကွယ်ခြင်း’ ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါအမိန့်မှာ နယ်စပ်များကို တင်းကြပ်ပြီး၊ အမေရိကန်သို့ ဒုက္ခသည်များ ၀င်ရောက်မှုအချို့ကို ရပ်တန့်မည်ဆိုသည့် ထရမ့်၏ မဲဆွယ်ပွဲ ကတိစကားကို အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။

ထိုအမိန့်တွင် အကြမ်းဖက်ဝါဒနှင့် လုံးပမ်းနေရသည့် နိုင်ငံများမှ လူအားလုံးကို အမေရိကန်သို့ ၀င်ရောက်ခွင့်ဗီဇာ ရက် ၉၀ ပိတ်ပင်ခြင်း၊ ‘အမေရိကန်၏ ဒုက္ခသည် လက်ခံမှု အစီအစဉ်’ ကို ရက်ပေါင်း ၁၂၀ ပိတ်ပင်ခြင်းတို့ ပါဝင်သည်။ ဗီဇာပိတ်ပင်ခံရသည့် နိုင်ငံများမှာ အီရန်၊ အီရတ်၊ ဆီးရီးယား၊ ဆူဒန်၊ လစ်ဗျား၊ ယီမင်နှင့် ဆိုမာလီယာတို့ ဖြစ်သည်။

ယခုနှစ်အတွင်း အမေရိကန်က ဒုက္ခသည်လက်ခံမည့် အရေအတွက်ကို ၅၀၀၀၀ သတ်မှတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ၁၁၁၀၀၀ ထက် ထက်ဝက်ကျော် လျော့ကျသွားခြင်းဖြစ်သည်။

အဆိုပါအမိန့်ကို ထရမ့်က အမေရိကန်မှ အစ္စလာမ့်မစ်အကြမ်းဖက်သမားများကို မောင်းထုတ်မည့် အမိန့်ဟု အမည်ပေးထားပြီး ပင်တဂွန်တွင် ကာကွယ်ရေးဝန်ကြီးသစ် ဂျိမ်းစ် မာတစ် ကျမ်းကျိန်ပြီးနောက် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

အမေရိကန်သို့ ထပ်မံလာရောက်သူများအနေဖြင့် လူတွေ့စစ်ဆေးမှု မလိုအပ်သည့် အစီအစဉ်ဖြစ်သော Visa Interview Waiver Program ကို ဖျက်သိမ်းကြောင်း အဆိုပါအမိန့်တွင် ဖော်ပြထားသည်။

ဒုက္ခသည်များကန့်သတ်လက်ခံမှု အစီအစဉ်တွင် နိုင်ငံတစ်ခုအတွင်းရှိ ငြှင်းပမ်းနှိပ်စက်ခံရသော ဘာသာရေးလူနည်းစုများကို ဦးစားပေးရန် ပါဝင်သည်။

ထရမ့်မှာ ပင်တဂွန်တွင် ဒုတိယသမ္မတ မိုက်ပန့်စ်၊ လုံခြုံရေးအကြံပေး မိုက် ဖလင်း၊ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်များနှင့် တံခါးပိတ်အစည်းအဝေးတစ်ခုကိုလည်း ယမန်နေ့တွင် ပြုလုပ်ခဲ့ပြီး IS အကြမ်းဖက်အဖွဲ့အား ချေမှုန်းရေး၊ စစ်တပ်အား အသင့်ပြင်ဆင်ထားရေး၊ မြောက်ကိုရီးယားကဲ့သို့ ကမ္ဘာကြီးအား ခြိမ်းခြောက်နေသည့် နိုင်ငံများအရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထရမ့်မှာ စစ်သုံးစားရိတ် တိုးမြှင့်ရေးနှင့် စစ်တပ်အား ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အမိန့်တစ်ခုကိုလည်း ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

Ref: CNN

Tags:

Comments are closed.