ဖေဖော်ဝါရီ ၁၊ ၂၀၁၇
M-Media
– ဇန်န၀ါရီ ၂၉ ရက်နေ့က လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ သမီးဖြစ်သူ ဒေါက်တာအေးခိုင်ဟာ သေနတ်သမားကို ဖမ်းဆီးရင်း အသက်စွန့်ခဲ့ရတဲ့ တက္ကစီယာဉ်မောင်း ဦးနေ၀င်းရဲ့မိသားစုထံ အစားအသောက်ပစ္စည်း၊ လက်ဆောင်တွေနဲ့အတူ သွားရောက်ကာ အားပေးနှစ်သိမ့်စကား ပြောဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး ဦးနေ၀င်းရဲ့သတ္တိပြောင်မြောက်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။
CNA ရဲ့မေးမြန်းမှုကို ဖြေကြားရာမှာတော့ ဖခင်ရဲ့ဆန္ဒဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ဖခင်နဲ့အအတူ ဖျောက်ပျက်ပစ်လိုက်မှာ မဟုတ်ကြောင်း၊ ဖခင်ဖြစ်သူက အသက်ကိုစတေးသွားခဲ့ရတာကြောင့် ဖခင်ရဲ့ လမ်းကြောင်းကို ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ မိမိတို့အနေနဲ့ ကြောက်ရွံ့အားငယ်နေမှာ မဟုတ်ပေမယ့် သူမနဲ့အတူ အခြားမောင်နှမတွေအနေနဲ့ နိုင်ငံရေးဆက်လုပ်မယ်၊ မလုပ်ဘူးဆိုတာတော့ မသေချာသေးကြောင်း၊ အကယ်၍ ဖခင်လိုအဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရရင် မိခင်ကြီးအနေနဲ့ ခံစားနိုင်မှာ မဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: CNA Correspondent ဖြစ်သူ May Wong ၏ Twitter Page မှ
Comments