ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
M-Media
– ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေသောကြောင့် ကျောက်မီးသွေးတူးဖော်မှု လုပ်ငန်း လိုင်စင်များကို ချမပေးတော့ဟု သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားလိုက်သည်။
ထို့ပြင် ကျောက်မီးသွေး အသုံးပြုမှု စည်းကမ်းချက်များကို ဖောက်ဖျက်သည့် ကုမ္ပဏီများကိုလည်း ပိတ်သွားမည်ဟု ဆိုသည်။
“ရှိပြီးသား ကျောက်မီးသွေးတွင်းတွေကိုပဲ ဆက်လက်လည်ပတ်ခွင့်ပြုမှာပါ။ ဒါပေမယ့် လိုင်စင်အသစ်တွေကိုတော့ ချမပေးတော့ပါဘူး။ စည်းမျဉ်းစည်းကျမ်းတွေကို လိုက်နာရဲ့လား ဆိုတာနဲ့ပတ်သက်ပြီး သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ စစ်ဆေးသွားမှာပါ။ သူတို့ရဲ့ တူးဖော်မှုနည်းလမ်းကို စုံစမ်းစစ်ဆေးပြီးမှသာ ဆက်လက်လည်ပတ်ခွင့် ပြုမှာဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ကျောက်မီးသွေးမှာ တစ်ဖက်တွင် စွမ်းအင်အတွက် အရေးကြီးသော်လည်း တစ်ဖက်တွင် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ ကျောက်မီးသွေး အသုံးပြုမှုကို ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စက်ရုံများသို့ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း ဦးအုန်းဝင်းက ထည့်သွင်းပြောကြားခဲ့သည်။
ကျောက်မီးသွေးတွင် အာဆင်းနစ်၊ ကယ်စီယမ်၊ ကလိုရင်း၊ ခရိုမီယံ၊ ခဲ၊ မန်းဂနီးစ်၊ မာကျူရီနှင့် နီကဲလ်တို့ကဲ့သို့ လေထုညစ်ညမ်းစေသော ဓာတ်ပစ္စည်းများပါဝင်သည်။
၂၀၁၃ ခုနှစ်တွင် ပြုလုပ်သည့် စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံတွင် ကျောက်မီးသွေးမိုင်းတွင်းပေါင်း ၅၆၀ ရှိနေပြီး ၂၀၃၀ ခုနှစ်ရောက်တွင် ကျောက်မီးသွေးတန်ချိန် ၅ သန်းအထိ ထုတ်ယူပြီး ဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့သည်။
Ref: mmtimes
Comments