6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
M-Media

– မနှစ်ဧပြီလတုန်းက ရန်ကုန်မြို့မှာရှိတဲ့ ထင်ရှားတဲ့ ရှေ့နေတစ်ဦးလဲဖြစ်၊ အစိုးရအကြံပေးတစ်ဦးလဲဖြစ်တဲ့ သူတစ်ယောက် ရဲ့ မြို့လယ်ကောင်မှာရှိတဲ့ အိမ်ဆီကို ကျနော် နိုင်ငံခြားသား သတင်းထောက်တစ်ယောက်ကို ခေါ်သွားခဲ့ဖူးပါတယ်။

အဲဒီအချိန်ဟာ ပူပူနွေးနွေး ရွေးချယ်ခံပြီးကာစ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဒီမိုကရေစီရဲ့ ကာလကြာရှည်စွာ ခေါင်းဆောင်ဖြစ်သူ အောင်ဆန်းစုကြည်အတွက်  အခန်းကဏ္ဍတစ်ခုကို  ကြိုးစားထုဆစ်ဖေါ်ဆောင်ဖို့ လုပ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

စစ်တပ်က ရေးဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မည်သူမဆို  နိုင်ငံခြားသား သားသမီး (ဒါမှမဟုတ်) အိမ်ထောင်ဖက် ရှိနေခဲ့မယ်ဆိုရင် အဲဒီလူကို သမ္မတ မဖြစ်အောင် ကာကွယ်တားဆီးထားပြီး သူမမှာလည်း သားနှစ်ယောက်က ဗြိတိန်နဲ့ အမေရိကန် နိုင်ငံသားတွေ အသီးသီး ခံယူထားကြပါတယ်။

ဒေါ်စုကြည်ရဲ့ လက်ထောက်တစ်ဦးဖြစ်သူ ဦးထင်ကျော်ကို ပါတီက သမ္မတရာထူးအတွက် အဆိုတင်သွင်းခဲ့ပါတယ်၊ ဒါပေ မဲ့ အရပ်သားအစိုးရရဲ့ မှန်ကန်တဲ့ သူမရဲ့ခေါင်းဆောင်နေရာကို  လူသိရှင်ကြားကြေညာဖို့ The Lady  အတွက် ဘာလို့ မစွမ်းဆောင် နိုင်ရသလဲ ဆိုတာကိုတော့ ကျနော်တို့အကြား စဉ်းစားမရနိုင်အောင် ဖြစ်ဆဲပါပဲ။

ခန်းလုံးအပြည့် စာအုပ်တွေ ပတ်ပတ်လည်ရှိနေတဲ့ အခန်းမှာ ထိုင်နေတဲ့ ရှေ့နေနဲ့ အကြံပေးတစ်ဦးဖြစ်သူ ဦးကိုနီကတော့ ဒီအတွက် တွက်ချက်လုပ်ကိုင်ပြီးသားလို့ ယုံကြည်နေပုံပါပဲ။ သူက အဖြေတစ်ခုကို ရှာပြလိုက်ပါတယ်။

“လူတိုင်း အံ့သြသွားပါလိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ရာထူးသစ်တစ်ခု ရှိပါတယ်၊ အဲဒါကိုတော့ ကျနော် အခု မပြောနိုင်သေးပါဘူး ” လို့ သူက ပြောခဲ့ပါတယ်။

ကျနော်တို့မှာ အဖြေထက် မေးခွန်းပေါင်းများစွာပဲ ရရှိကျန်ရစ်ခဲ့ပါတယ်၊ ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာတော့ အစိုးရက ဒေါ်အောင်ဆန်းစုကြည် အတွက်  “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ” ရာထူးသစ်နေရာကို ခန့်အပ်လိုက်ကြောင်း ကြေငြာခဲ့ပါတယ် ။

တကယ်တော့ ဒီအကြံပေးဟာ ဇန်န၀ါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နေခင်းကြောင်တောင်ကြီး လုပ်ကြံခံလိုက်ရပါတယ်။ တက္ကစီကားမောင်းဆရာ၊ သူရဲကောင်း ဦးနေ၀င်းဟာလည်း လူသတ်တရားခံနောက် လိုက်ရင်း ပစ်သတ်ခံလိုက်ရပြန်ပါတယ်။ နောက်ဆုံးမှာ အကြမ်းဖက်သမား လူသတ်တရားခံ နှစ်ယောက်ကို ဖမ်းမိထားပါတယ်။

ဦးကိုနီကို သတ်ဖြတ်မှု့ နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေတဲ့ လက်မဲကြီးတွေအကြောင်းကို ကျနော် ဒီနေရာမှာ အချိန် ပေးပြီး ထင်ကြေးနဲ့ မပြောချင်ပါဘူး။ တစ်ချို့က ဦးကိုနီ ဖွဲ့စည်းပုံ အခြေခံဥပေဒပြင်ဖို့ ကြိုးစားလို့ အသတ်ခံရတယ်လို့ ပြော ကြတယ်၊ တစ်ချို့ကလည်း သူမွတ်စလင်ဖြစ်နေလို့ ပစ်မှတ်ထားတယ်လို့ ပြောကြတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ အဖြေက တော့ မကြာခင်ပေါ်လာမယ်လို့ မျှော်လင့်ရတာပဲ။ အမှန်တရားဆိုတာလည်း မကြာခင် ပေါ်လာမှာပဲ။

တကယ်တော့ ကျနော်ဟာ ကျနော်နဲ့ နှစ်ပေါင်းများစွာ သိကြွမ်းခဲ့ရပြီး ကျနော်ကိုယ်တိုင် လေးစားကြည်ညိုခဲ့ရတဲ့ သူတစ်ယောက်ကို ဂုဏ်ပြုဖို့အတွက်ပဲ ကျနော် ဒီဆောင်းပါးမှာ နေရာပေးချင်ပါတယ်။

ပုံမှန်အားဖြင့် သူ့ပင်ကိုယ် အမှတ်အသားလိုဖြစ်နေတဲ့ အနက်ရောင်နဲ့ အနီရောင် တိုက်ပုံအကျီကို ၀တ်လေ့ရှိပြီး အရပ်ရှည်တာကြောင့် လူကြားထဲမှာ ထင်းကနဲပေါ်လွင်နေပြီး၊ သူ စကားပြောလိုက်ရင် အမြဲတမ်း ချိုချိုအေးအေး၊ နူးနူးညံညံ လေးပဲ ပြောတတ်သူ ဖြစ်ပါတယ်။

တစ်ခါတရံ အကြောင်းအရာ ခေါင်းစဉ်အမျိုးမျိုးနဲ့ဆိုင်တဲ့ ဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေနဲ့ လေ့ကျင့်ရေး သင်တန်းတွေကို ကျင်းပလေ့ရှိပြီး ကျနော်လည်း သွားတက်ခဲ့ဖူးပါတယ်။ သူဟာ အဲဒီမှာ တကယ့်ကို လူငယ်တွေကို တရိုတသေ၊ တလေးတစားနဲ့ ဆက်ဆံတတ်တာ တွေ့ရပါတယ်။

ကျနော်တို့ ဘာမေးမေး၊ သူက တိတိကျကျနဲ့ ပြန်ဖြေတတ်ပါတယ်။ ကျနော် သတင်းသမားတစ်ယောက် ဖြစ်လာတဲ့အခါ မှာ၊ ဆောင်းပါးနဲ့ ပတ်သတ်ပြီး သူကို ကျနော် အင်တာဗျူးရင် သူကျနော့်အပေါ်မှာ တော်တော်လေးကို စိတ်ရှည် သီးခံတာ ကိုတွေ့ရပါတယ်။ အတော်ခက်တဲ့ အချက်တွေကျရင်၊ “သား-နားရောလည်ရဲ့လား?” လို့ မကြာခဏ သူမေးတတ်ပြီး၊ နားမလည်ရင် သူနောက်ကြောင်းပြန်သွားပြီး နောက်တစ်ကြိမ် ပြန်ရှင်းပြဖို့ လည်း ၀န်မလေးတတ်ပါဘူး။

သူဟာ ဘာသာရေး သည်းညည်းမခံနိုင်တဲ့ ကိစ္စရပ်တွေနဲ့ တပ်မတော်သားတွေ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ဝင်ထိုင်တဲ့ ကိစ္စရပ်တွေ အပါအဝင် ပြဿနာများတဲ့ ကိစ္စရပ်တွေမှာ သူအလုပ်လုပ်ပေးခဲ့ပါတယ်။သူတော်တော် တာဝန်ကျေပါတယ်။ အဲဒီအချိန် လွှတ်တော်ထဲမှာလည်း မွတ်စလင် ကိုယ်စားပြု မယ့်အသံ တစ်ယောက်မှ မရှိသေးဘူး။ သူ အဲဒါကိုလည်း မမေ့ထားပါဘူး ။ သူ အဲဒီအတွက်နဲ့ အန်အလ်ဒီထဲမှာ အလုပ်လုပ်ဖို့ ကျန်နေခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ နေညိုချိန်ရက်တွေမတိုက်ခင်အထိ ဒီကိစ္စတစ်ခု အပေါ်မှာပဲ တစိုက်မတ်မတ်နဲ့ လုပ်သွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးအချိန် ဇန္နဝါရီလ နောက်ဆုံး ရသတ္တပတ်တွေ မှာတောင် နိုင်ငံသားဖြစ်မှုဆိုင်ရာ အထောက်အထား ကိစ္စရပ်နဲ့ ပတ်သတ်ပြီး မွတ်စလင်ခေါင်းဆောင်တွေနဲ့ လဝက အရာရှိကြီးတွေအကြား ဆွေးနွေးပွဲတွေမှာ သူ တက်ရောက် ဆွေးနွေးခဲ့ပါသေးတယ်။

သူ ခြိမ်းခြောက်တာတွေ အဆက်မပြတ်ရရှိနေပေမဲ့လို့၊ သူဆက်အလုပ်လုပ်နေတုန်းပါပဲ၊ ဦးကိုနီ ဆုံးတဲ့အချိန်၊ ဆေးရုံမှာ သူ့သမီး ဒေါက်တာ ယဉ်နွယ်ခိုင်နဲ့တွေ့တဲ့အခါ၊ သူက သူမရဲ့ ဖခင်ဟာ “အမှန်တွေပဲပြော” တာကြောင့် လူမုန်းများရခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူမှာ ရန်သူတွေ ၀ိုင်းနေပေမဲ့လို့၊ မိတ်ဆွေတွေ အတော်များများလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်မှာ သူ့ အသုဘ အခန်းအနားမှာ အလွှာစုံအသီးသီး၊ ဘာသာစုံအသီးသီး၊ နယ်ပယ်အသီးသီးက လူစုံတော်တော်များများ သူ့ကို လာရောက် ဂါရ၀ပြုခဲ့ကြတာကို ကျနော်တို့ တွေ့ခဲ့ကြပါတယ်။

အခုတော့ ဘာကြီးပဲ ဖြစ်နေနေ ကိစ္စတော့ မရှိတော့ပါဘူး၊ ဦးကိုနီကတော့ မြန်မာနိုင်ငံမှာ သူ့ရဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေအတွက် သူ့ကိုယ်စား တစ်ယောက်ယောက်ကို ဆက်ရှိနေစေချင်မှာပဲလို့ ကျနော်တွေးမိပါတယ်၊ ဒီလုပ်ငန်း ဟာ အဆုံးမှာတော့ ဝေဒနာတွေအားလုံးကို ကုစားပေးသွားမှာပဲ ဖြစ်ပါတယ်။

လူတွေကိုတော့ သတ်လို့ရချင် ရပါလိမ့်မယ်။ ဒါပေမဲ့ အသံ တွေကတော့ ရှင်ကျန်နေမှာ ဖြစ်ပါတယ်။

(မြန်မာနိုင်ငံမှ သတင်းထောက်တစ်ဦးဖြစ်သော အောင်နိုင်စိုး ရေးသားထားပြီး သတင်းဝဘ်ဆိုက်တွင် ဖေဖော်ဝါရီ ၉ ရက်နေ့က လွှင့်တင်ခဲ့သည့် The U Ko Ni I knew ဆောင်းပါးကို  ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Tags:

Comments are closed.