ဧပြီ ၄၊၂၀၁၇
M-Media
– ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း မိုကိုအာမြို့တွင် ယမန်နေ့က ပြင်းထန်းသော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၁၉၃ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးသူများလည်း အများအပြား ရှိနေသည်ဟု သိရသည်။
မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေလျှံတက်လာကာ ရွှံ့များ၊ နှုန်းများက နေအိမ်များကို ဖုံးလွှမ်းတိုက်စားသွားခြင်းဖြစ်သည်။ ညဘက် အိပ်ချိန်တွင် ဖြစ်ပွားသောကြောင့် ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးရန် လုံလောက်သည့်အချိန် မရခဲ့ပေ။
သမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က မိမိတို့အနေဖြင့် အဆိုပါဒေသကို အရေးပေါ်အခြေအနေ ကြေငြာထားကြောင်း၊ ပြည်သူများကို အကောင်းဆုံး ကူညီပေးနေကြောင်း၊ ထိခိုက်ခံစားရသူများနှင့်အတူ ကြေကွဲဝမ်းနည်းရပါကြောင်း ပြောကြားခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် ပျောက်ဆုံးသူများမှာ ၂၂၀ ခန့်ရှိနေပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာ ၄၀၀ ရှိနေသည်ဟု ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။
Ref: Aljazeera
Comments