ဧပြီ ၂၊ ၂၀၁၇
M-Media
– တောင်ကိုရီးယားမှ ကုန်တင်သင်္ဘောကြီးတစ်စင်းမှာ ဥရုဂွေးနိုင်ငံအနီး အတ္တလန်တိတ်သမုဒ္ဒရာတွင် ယမန်နေ့က ပျောက်ဆုံးသွားခဲ့ပြီး နစ်မြုပ်သွားပြီဟု ယုံကြည်ရကြောင်း ဥရုဂွေးရေတပ်က ပြောကြားခဲ့သည်။
Stella Daisy ဟု အမည်ရပြီး တောင်ကိုရီးယား ၈ ဦး၊ ဖိလစ်ပိုင် ၁၆ ဦး စုစုပေါင်း သင်္ဘောသား ၂၄ ဦး လိုက်ပါသွားသည့် အဆိုပါသင်္ဘောမှာ ဒေသစံတော်ချိန် နေ့လည်ပိုင်းတွင် အရေးပေါ်အကြောင်းကြားမှု ပြုလုပ်ခဲ့ပြီး သင်္ဘောမှာ ရေထဲသို့နစ်မြုပ်နေပြီဟု ပြောကြားခဲ့သည်။
အနားရှိ ကုန်သင်္ဘောများက သင်္ဘောသား ၂ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရရှိသူများမှာ မည်သည့်နိုင်ငံသားများဖြစ်သည်ဟု မသိရှိရသေးကြောင်း ကိုရီးယားအစိုးရ အာဏာပိုင်များ၏ ပြောကြားမှုကို ကိုးကား၍ Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။
လက်ရှိတွင် ဥရုဂွေးရေတပ်မှာ ရှာဖွေမှုများပြုလုပ်နေပြီး၊ သင်္ဘောအပျက်အစီးများကို အခြားသင်္ဘောများက တွေ့မြင်မှု ရှိနေသည်ဟု ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref: Aljazeera
Comments