ဧပြီ ၃၊ ၂၀၁၇
M-Media
– ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ဆာရ်ဂိုဒါဒေသရှိ ဆူဖီဗိမာန်တစ်ခုတွင် အမျိုးသားများက ဓားများ၊ တုတ်များဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သေဆုံးသူများထဲတွင် အမျိုးသမီး ၄ ဦး ပါဝင်ပြီး ဗိမာန်၏ ဂေါပကဥက္ကဌ အပါအ၀င် လူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
“အသက် ၅၀ အရွယ် ဥက္ကဌ အဘ်ဒူလ် ၀ါဟစ်က ဗိမာန်ကို လာရောက်သူတွေဟာ သူ့ကို သတ်မှာစိုးတဲ့အတွက် သူက သတ်လိုက်တယ်လို့ ထွက်ဆိုပါတယ်။ သူက စိုးရိမ်မှုလွန်ကဲတာ၊ စိတ်ရောဂါဖြစ်နေတာမျိုး ဖြစ်ပုံရပါတယ်။ ဒါမှမဟုတ် ဒါဟာ ဗိမာန်ကို အုပ်စီးဖို့အတွက် ပြိုင်ဆိုင်တာမျိုးနဲ့လည်း ဆက်စပ်နိုင်ပါတယ်” ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ ဇွလ်ဖီကာရ် ဟာမစ်က ပြောကြားခဲ့သည်။
ဆူဖီသူတော်စဉ်၏ ဗိန်မာန်သို့ လာရောက်ကာ ဆုတောင်းခြင်း၊ ချို့တဲ့သူများကို လှူဒါန်းခြင်း၊ ဂေါပကအဖွဲ့ကို လှူဒါန်းခြင်းတို့မှာ ပါကစ္စတန် ပြည်သူအများအပြား ပြုလုပ်ကြသည့် ဓလေ့ထုံးတမ်းတစ်ခု ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသည်။
Ref: Alarabiya