ဧပြီ ၁၉၊ ၂၀၁၇
M-Media
– ၂၀၁၆ ခုနှစ် အောက်တိုဘာလ သက်တော် ၈၈ နှစ်တွင် နတ်ရွာစံသွားခဲ့သည့် ထိုင်းဘုရင် ဘူမိဘောလ် အဒူယာဂျက်၏ ရုပ်ကလပ်ကို ယခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် မီးသင်္ဂြီုဟ်မည်ဖြစ်ပြီး ဈာပနာအခမ်းအနားကို ၅ ရက်ကြာ ကျင်းပသွားမည်ဟု ထိုင်းအစိုးရ တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားလိုက်သည်။
ဘုရင်ကြီးနတ်ရွာစံသွားပြီးနောက် သားတော် မဟာ ၀ိဇိယလောင်ကွန်မှာ ဒီဇင်ဘာလက ထီးနန်းဆက်ခံခဲ့ပြီး တရားဝင်နန်းတက်ပွဲအခမ်းအနားကို ခမည်းတော်၏ ဈာပနအခမ်းအနားပြီးမှ ပြုလုပ်မည်ဖြစ်သည်။
“ဘုရင်ကြီးဟာ အစိုးရရဲ့ အစီအစဉ်ကို လက်ခံတယ်လို့ နန်းတော်က အတည်ပြုပါတယ်။ မီးသဂြိင်္ုဟ်မှုက အောက်တိုဘာ ၂၆ ရက်နေ့ ဖြစ်မှာပါ။ ဈာပနအခမ်းအနားကိုတော့ ၅ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသည့် ထိုင်းအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဘုရင်ကြီး ဘူမိဘောလ်မှာ နှစ်ပေါင်း ၇၀ ကြာ ထီးနန်းစိုးစံခဲ့ပြီး ထိုင်းပြည်သူများ၏ ကြည်ညိုမှုကိုလည်း အထူးခံခဲ့ရကာ ထိုင်းနိုင်ငံ၏ စည်းလုံးမှု ပြယုဂ်တစ်ခုလည်း ဖြစ်သည်။
Ref: CNA
Comments