ဧပြီ ၂၅၊ ၂၀၁၇
M-Media
– နိုင်ငံ၏ စစ်တပ် ဖွဲ့စည်းခြင်းအထိမ်းအမှတ်ဖြစ် မြောက်ကိုရီးယားမှာ ယနေ့တွင် ကြီးမားသည့် လက်နက်ကြီး စစ်ရေးလေ့ကျင်မှုကို နိုင်ငံအရှေ့ပိုင်းတွင် ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြားလိုက်သည်။
တောင်ကိုရီးယားစစ်တပ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ၀မ်ဆန်ဒေသ၌ အင်္ဂါနေ့ နေ့လည်ပိုင်းတွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင်မှု ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားပြီး မည်သည့်လက်နက်များ အသုံးပြုကာ မည်သည့် တပ်ဖွဲ့များ ပါဝင်သည်ဆိုသည်ကို အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိချေ။
“မြောက်ကိုရီးယား စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ သေသေချာချာ ပြင်ဆင်ထားပါတယ်” ဟု တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်များ ပူးတွဲထုတ်ပြန်သည့် အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား၏ အဆိုပါ စစ်ရေးလေ့ကျင်မှုမှာ ကိုရီးယားကျွန်းဆွယ် အနောက်ဖက် ကမ်းလွန်ရှိ ပင်လယ်ဝါတွင် အမရိကန်နှင့် တောင်ကိုရီးယား စစ်တပ်တို့၏ ပူးတွဲစစ်ရေးလေ့ကျင်မှုနှင့်လည်း တိုက်ဆိုင်နေသည်။
တောင်ကိုရီးယား သမ္မတရုံးကလည်း ထိုကိစ္စနှင့်ပတ်သက်၍ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
တစ်ဖက်တွင်လည်း တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိက်နတို့မှာ မြောက်ကိုရီးယားက နျူအစီအစဉ်ကို စွန့်လွှတ်ရန် ငြင်းဆိုသည့်ကိစ္စကို တိုကျို၌ ဆွေးနွေးနေကြသည်။
Ref : CNN
Comments