မေ ၁၄၊ ၂၀၁၇
M-Media
– မြောက်ကိုရီးယားမှာ နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းမှ အမည်မသိ အရာတစ်ခုကို ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားလိုက်သည်။
မြောက်ကိုရီးယားက ထုတ်လုပ်နေသည်ဟု ယုံကြည်ရသည့် တာလတ်ပစ်ဒုံးကျည်များကို ယခင်က ပစ်လွှတ်ခဲ့ဖူးသည့် ကူဆွန်ဒေသတွင် ယနေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ချင်းပစ်ဒုံးကျည်ဖြစ်မည်ဟု တောင်ကိုရီးယား၏ Yonhap သတင်းဌာနက ပြောကြားခဲ့သည်။
ထိုပစ်လွှတ်မှုမှာ ဒုံးကျည်ဖြစ်နေပါက လွန်ခဲ့သည့် ၂ ပတ် မအောင်မြင်သည့် ဒုံးကျည်ပစ်လွှတ်မှုပြီးနောက် ပထမဆုံး ပေါ်ထွက်လာသည့် လက်နက် စမ်းသပ်မှု ဖြစ်လာမည်ဖြစ်သည်။
မြောက်ကိုရီးယားမှာ ပြီးခဲ့သည့် ၂ လအတွင်း လေကြိမ်ဆက်တိုက် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွင် တစ်ကြိမ်မှ အောင်မြင်ခဲ့ခြင်း မရှိပေ။ လက်နက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အစိုးရအရာရှိများက မြောက်ကိုရီးယားမှာ ထို စမ်းသပ်မှုများဖြင့် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှု ရရှိနေပြီဟု ပြောကြားခဲ့သည်။
Ref: Aljazeera
Comments