6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၄၊ ၂၀၁၂
M-Media
သတင်း – ထွန်းတောက်

ရခိုင်တွင် ယခုရက်ပိုင်းအတွင်းဖြစ်နေသော အကြမ်းဖက်မှုများအား နောက်ဆုံးရရှိသော သတင်းများဖြစ်ပါသည်။ ရခိုင်အကြမ်းဖက်သမား၏ အကြမ်းဖက်မှုကို ထွက်ပြေးတိမ်းရှောင်ရင်း ပြောပြလာတဲ့ မွတ်စလင်မ်တို့ရဲ့ အသံများဖြစ်ပါတယ်။

၂၄.၁၀.၂၀၁၂ (မနက် ၄း၄၅ နာရီ)
“ကျွန်တော် ကျောက်ဖြူကပါ။ ကျွန်တော်တို့ ကျောက်ဖြူမှာ တအားဆိုးဝါးနေပြီဗျာ။ မနေ့(၂၃.၁၀.၁၂)က ညဘက်(၇)နာရီလောက်မှာစပြီး မီးရှို့တယ်။ ကျောက်ဖြူ ပိုက်သည်(ပိုက်ဆိပ်)ရပ်ကွက်မှာ။ အိမ်ခြေ(၆၀)ကျော်နဲ့ ဗလီ ၁-လုံး မီးလောင်သွားပြီ။ ရခိုင်တွေမီးရှို့လို့ ကျွန်တော်တို့တွေက မီးလောင်တဲ့အိမ်ကို မီးသတ်ရင် အသတ်မခံဘူး။ (မီးငြိမ်းသတ်တာကို မီးသတ်တယ်လို့ ပြောကြောင်းသိရသည်။) မီးသတ်ဖို့သွားတာနဲ့ စစ်တပ်က သေနတ်နဲ့ပစ်တယ်။ အခု သေနတ်ပစ်ခံရလို့ သေသွားတာ(၅)ဦးရှိပြီ။ ၈-ယောက် ဒဏ်ရာရတယ်။ ၈-ယောက်မှာ ၂-ယောက်က ရခိုင်တွေက ဓါးနဲ့ခုတ်တာ။ ကျွန်တော်တို့က လူနည်းစုပဲဗျာ ဘယ်လိုလုပ်ပြန်ပြီး ခုခံနိုင်မှာလဲ။ ထွက်ပြေးကြရတာပါ။ ရခိုင်တွေက ဂျင်ဂလိတွေနဲ့လိုက်ပစ်တယ်။ စစ်တပ်နဲ့ရဲက သေနတ်နဲ့ပစ်တယ်။ ကျွန်တော်တို့ပြေးစရာ ရေချောင်းဘက်ပဲရှိတယ်။ အခု ကလေးတချို့နဲ့ အမျိုးသမီးတချို့ကို စက်လှေတွေပေါ်မှာ ထားထားတယ်။ စက်လှေမောင်းတာနဲ့ ရေတပ်က ပစ်မယ်ပြောတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဗျာ။ ကျွန်တော်တို့မှာ ပြေးစရာနေရာလည်းမရှိဘူး။ ကျွန်တော်တို့ ဘာလုပ်ရမှာလဲဗျာ။ ကျွန်တော်တို့တွေအတွက် ဆုတောင်းပေးကြပါဗျာ။”လို့ ကျောက်ဖြူ ပိုက်သည်ရပ်ကွက်မြို့ခံတစ်ဦးက ပြေးလွှားပုန်းရှောင်ရင်း ငိုပြီးပြောပြခဲ့ပါတယ်။

၂၄.၁၀.၁၂ (မနက် ၉း၁၈ နာရီ)
“အခု ကျောက်ဖြူမြို့ပေါ်က မွတ်စလင်မ်ရပ်ကွက်တွေကို လေးဘက်လေးတန်ကနေ စပြီး မီးရှို့နေတယ်။ မွတ်စလင်မ်ရပ်ကွက်မှာ ရခိုင်အိမ်တချို့လည်းရှိတယ်။ ဟုတ်ပါတယ်။ သူတို့အိမ်တွေကတော့ သေးသေးလေးတွေပါ။ မွတ်စလင်မ်တွေ ဘယ်မှ ပြေးစရာနေရာမရှိတော့ပါဘူး။ ကျွန်တော်တို့ ဘယ်ကိုပြေးရမှာလဲ။ ဘယ်လိုလုပ်ရမလဲဗျာ။” လို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပြခဲ့ပါတယ်။

Tags:

Leave a Reply