မေ ၂၂၊ ၂၀၁၇
M-Media
– ထိုင်းနိုင်ငံက အဝေးပြေးဘတ်စ်ကားပေါ်မှာ ဘုန်းကြီးတစ်ပါး အပြာကားကြည့်နေမှုကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတစ်ခုဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြန့်နှံ့နေပြီး ထိုင်းပြည်သူတွေကလည်း ဒီလုပ်ရပ်အတွက် ဝေဖန်ပြောဆိုမှုတွေ ရှိလာပါတယ်။
စနေနေ့က Loei ပြည်နယ်ကနေ Udon Thani ပြည်နယ်ကိုသွားတဲ့ ဘတ်စ်ကားပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Wittawat Wonghajuk ဆိုတဲ့ အမျိုးသားတစ်ဦးက ဒီအဖြစ်အပျက်ကို ဗီဒီယိုမှတ်တမ်းခဲ့ကာ ‘ဒီဗီဒီယိုကို ရှဲပေးကြပါ။ ကျွန်တော်ကတော့ လက်မခံနိုင်ဘူး’ လို့ ရေးသားပြီး Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့တာပါ။
အဲဒီဗီဒီယိုကို ကြည့်ရှုသူ ၁ သိန်းကျော်ရှိခဲ့ပြီး ဒီဘုန်းကြီးဟာ ဘုန်းကြီးအစစ် ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းတွေလည်း မေးမြန်ခဲ့ကြပါတယ်။
Wittawat ကတာ့ စနေနေ့မနက် ၁၀ နာရီက Loei ကနေ ထွက်ခွာတဲ့ ဘတ်စ်ကားကို စီးလာတဲ့အချိန် ကားထွက်ပြီး သိပ်မကြာခင်မှာပဲ အပြာဇာတ်ကားကနေ ထွက်တယ်လို့ ယူဆရတဲ့ အသံဗလံတွေကို ကားနောက်ကနေ ကြားခဲ့ကြောင်း၊ နောက်ကိုသွားပြီး အသံတိုးဖို့ ပြောမယ့်အချိန်မှာ အပြာကားကြည့်တဲ့သူဟာ ဘုန်းကြီးတစ်ပါး ဖြစ်နေတာကို တွေ့ရပြီးတဲ့နောက် ဗီဒီယိုရိုက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း Thai Rath Online ကို မနေ့က ပြောကြားခဲ့ပါတယ်။
ဒီဘုန်းကြီးဟာ Loei ပြည်နယ်က Wang Sapung ခရိုင် ကားမှတ်တိုင်မှာ ဆင်းသွားပြီး၊ ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှ မကြုံရဘူးလို့လည်း Wittawat က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: Bangkokpost
Comments