6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၁၊ ၂၀၁၇
M-Media

– ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့မှာ IS ကို လိုလားသူ အကြမ်းဖက်သမားတွေ ၀င်ရောက်စီးနင်းခဲ့ပြီးတဲ့နောက် ကြောက်ရွံ့နေတဲ့ ခရစ်ယာန်တွေကို မွတ်စလင် အမျိုးသမီးတွေက ဟီဂျဘ်ခေါင်းဆောင်းပုဝါတွေငှားကာ ကာကွယ်ပေးပြီး ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးနေကြပါတယ်။

မေနှောင်းပိုင်းကတည်းက စစ်သွေးကြွတွေ စီးနင်းထားတဲ့ အဲဒီမြို့ထဲမှာ ပြည်သူ ၁၅၀၀ ၀န်းကျင်လောက် ပိတ်မိနေကြပါတယ်။ ကုန်းကြောင်းကနေ ထွက်ပြေးလွတ်မြောက်လာသူတွေလည်းရှိသလို၊ ရေကြောင်းကနေ ထွက်ပြေးရသူတွေလည်း ရှိနေပါတယ်။

“ခရစ်ယာန်အလုပ်သမားတွေကို မွတ်စလင်တွေက ဟီဂျဘ်တွေငှားရမ်းကာ ကာကွယ်ပေးနေကြတယ်လို့ ပြောကြားမှုတွေ ရှိပါတယ်” လို့ ထွက်ပြေးလာသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဂျီယိုအာ အန်ချီတာက ပြောကြားခဲ့ပါတယ်။

ပိတ်မိနေသူတွေဟာ အစားအသောက်ပြတ်လတ်တာမျိုး၊ စစ်သွေးကြွတွေရဲ့ လူသားတံတိုင်းအဖြစ် အသုံးချခံရတာမျိုး ရှိရှိနေပါတယ်။

အခုလဆန်းပိုင်းလောက်ကလည်း မာရာဝီမြို့က ဗလီဆရာတစ်ဦးဟာ ခရစ်ယာန် ၆၀ လောက်ကို IS တွေမသိအောင် ၀ှက်ထားပေးပြီး မြို့ပြင်ကို ကယ်ထုတ်လာနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၄ ပတ်က စစ်သွေးကြွတွေ စီးနင်းခဲ့ပြီးနောက်ပိုင်း မာရာဝီမြို့မှာ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ ၂၀၅ ဦး အပါအ၀င် လူ ၃၀၀ နီးပါးလောက် သေဆုံးခဲ့ပါတယ်။

လက်ရှိမှာတော့ မာရာဝီမြို့တည်ရှိရာ မင်ဒါနာအိုကျွန်းကို သမ္မတ ဒူတာတေးက စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ထားပါတယ်။

Ref: Independent

 

Comments are closed.