6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၆၊ ၂၀၁၇
M-Media

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ ဂျာမေ ဗလီဝတ်ကျောင်းတော်

– မွတ်စလင်ခရီးသွားများ အစားအသောက်အဆင်ပြေစေရန်အတွက် တောင်ကိုရီးယား ခရီးသွားလာရေးအဖွဲ့ (KTO) မှ ဦးဆောင်ကာ နိုင်ငံတစ်ဝှမ်းတွင် စားသောက်ဆိုင်သစ် ၁၁၇ ခု ဖွင့်လှစ်သွားမည်ဟု သိရသည်။

လက်ရှိတွင် တောင်ကိုရီးယား၌ မွတ်စလင်ခရီးသွားများ စားသောက်နေထိုင်ရန် အဆင်ပြေစေမည့်နေရာ စုစုပေါင်း ၂၅၂ ခု ရှိနေသည်။

“မွတ်စလင်တွေအတွက် အဆင်ပြေစေမယ့် စားသောက်ဆိုင်တွေကို စစ်ဆေးသတ်မှတ်တဲ့ လုပ်ငန်းစဉ်ဟာ KTO က ဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး ကိုရီးယားကို ရောက်လာတဲ့ မွတ်စလင်ခရီးသွားတွေ စိုးရိမ်မှုမရှိဘဲ အစားအသောက်တွေကို သုံးဆောင်နိုင်ဖို့ ဖြစ်ပါတယ်” ဟု KTO က ပြောကြားခဲ့သည်။

KTO မှာ ဟာလာလ်လက်မှတ်ရ စားသောက်ဆိုင်၊ ကိုယ်ပိုင်ကြေငြာထားသော စားသောက်ဆိုင်၊ မွတ်စလင်များနှင့် သင့်လျော်သည့် စားသောက်ဆိုင်၊ ၀က်သားမရောင်းသည့် စားသောက်ဆိုင် စသဖြင့် အဆင့် ၄ ခု သတ်မှတ်ထားသည်။

ဟာလာလ်အစားသောက်သာ သီးသန့်ရောင်းသည့်ဆိုင်များမှာ နိုင်ငံရပ်ခြား ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့မှာ လက်မှတ်များကို လျှောက်ထားရယူထားကြသည်။

ဆိုင်ရှင်က ၎င်းတို့ဆိုင်ရှိ စားသောက်ဖွယ်ရာများ ဟာလာလ်ဖြစ်သည်ဟု ကြေငြာရောင်းချသော စားသောက်ဆိုင်များကို ကိုယ်ပိုင်ကြေငြာထားသော စာသောက်ဆိုင်အဖြစ် သတ်မှတ်ပြီး၊ မွတ်စလင်များနှင့် သင့်လျော်သည့်စားသောက်ဆိုင်များမှာ ၎င်းတို့၏ ဟင်းလျာများတွင် ဟာလာလ်အစားအသောက်များကို ထည့်သွင်းပေးထားခြင်းဖြစ်ပြီး ထိုဆိုင်တွင် ဟာလာလ်မဟုတ်သော အစားအစာများကိုလည်း ရရှိနိုင်သည်။

ဝက်သားမရောင်းသည့် စားသောက်ဆိုင်မှာ ၎င်းတို့၏ဟင်းလျာများတွင် ၀က်သားမသုံးခြင်းဖြစ်သည်။

ယခု ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် စားသောက်ဆိုင် ၁၁၇ ခုတွင် ၇၅ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း နေရာမရွေး ဟာလာလ်အစားအသောက်များ ရရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။

လာမည့် စက်တင်ဘာနှင့် အောက်တိုဘာ ၂ လတွင် ‘ဟာလာလ် စားသောက်ဆိုင် သီတင်းပတ်’ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်မည်ဟု KTO က ကြေငြာထားပြီး နာမည်ကြီး စာဖိုမှူးများကို ဖိတ်ခေါ်ကာ ကိုရီးယားနိုင်ငံတစ်ဝှမ်းရှိ မွတ်စလင်များနှင့် သင့်လျော်သော စားသောက်ဆိုင်များတွင် အစားအသောက်များ ချက်ပြုတ်ပြင်ဆင်ပေးသွားမည်ဖြစ်သည်။

Ref: Jakarta Post

Comments are closed.