6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၅၊ ၂၀၁၇
M-Media

– ပါကစ္စတန်မှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆွစ်ဖ်ဇိုင်စီစဉ်သည့် ကလေးငယ်များအတွက် ရုပ်ပြစာအုပ်တစ်အုပ်မှာ မကြာမီ ထွက်လာတော့မည်ဟု သိရသည်။

ထိုစာအုပ်၏ ပထမဆုံးကော်ပီကို ရရှိခဲ့သည်ဟု မာလာလာက သူမ၏ Twitter စာမျက်နှာတွင် ကြာသာပတေးနေ့ ညနေပိုင်းက ရေးသားခဲ့သည်။

Malala’s Magic Pencil (မာလာလာ၏ မှော်ဝင်ခဲတံ) ဟု အမည်ပေးထားသည့် အဆိုပါ စာအုပ်မှာ မျှော်လင့်ချက်ကို ယှဉ်သန်စေသော၊ အလွန်အမင်း ခက်ခဲသည့် အခြေအနေမျိုးမှာပင် သူမ၏အသံကို လူအများ ကြားအောင် လုပ်နိုင်သော သူမ၏ ကမ္ဘာလုံးဆိုင်ရာ ရှုမြင်မှုအား လူငယ်ပရိတ်သတ်ကို ချပြရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထို့ပြင် မျိုးဆက်သစ်များအနေဖြင့် သူမ၏ခြေလှမ်းအတိုင်း လိုက်ကာ၊ ၎င်းတို့၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာရန် နေ့စဉ် အားထုတ်ကြိုးစားသွားရေး တိုက်တွန်းအားပေးရန်လည်း ဖြစ်သည်။

သူမ၏လက်ရာကို မိခင်က ပထမဆုံး ဖတ်ခွင့်ရသည့်အတွက် စိတ်လှုပ်ရှား ပျော်ရွှင်မိကြောင်း၊ မိခင်မှာ အင်္ဂလိပ်စာကို သင်ယူနေကြောင်း မာလာလာက Twitter စာမျက်နှာတွင် ထည့်သွင်းရေးသားခဲ့သည်။

စာမျက်နှာ ၄၈ မျက်နှာ ပါဝင်သည့် အဆိုပါ ရုပ်ပြစာအုပ်မှာ ကလေးငယ်များအကြိုက် စိတ်ကူးယဉ်ဇာတ်လမ်းများ ဖြစ်ပြီး အောက်တိုဘာလတွင် အများပြည်သူသို့ ရောင်းချမည်ဖြစ်သည်။ ပါကစ္စတန်၌ အမျိုးသမီးငယ်များ ပညာသင်ကြားခွင့်ရရေး လှုပ်ရှားမှုကြောင့် တာလီဘန်၏ လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်လာခဲ့ပြီးနောက် မာလာ လာမှာ အမျိုးသမီးအခွင့်အရေးအတွက် စွမ်းစွမ်တမံဆောင်ရွက်နေသည်။

Ref: Alarabiya

Comments are closed.