News @ M-Media

မြန်မာနိုင်ငံမှ တိုက်ပွဲကြောင့်ထွက်ပြေးလာရသူများကို လက်ခံရန် စီစဉ်နေသည်ဟု ထိုင်းပြော

သြဂုတ် ၂၉၊ ၂၀၁၇
M-Media

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ

– မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေကို လက်ခံဖို့ စီစဉ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ရာယွတ်ချန်အိုချာက ဒီနေ့မှာ ပြောကြားလိုက်ပြီး ပြန်ဖို့ အဆင့်သင့်ဖြစ်တဲ့အချိန်ကျရင် ပြန်ပို့ပေးသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမားတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ထိုင်းဝန်ကြီးချုပ်က ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။

“ထိုင်း ကာကွယ်ရေးနဲ့ လုံခြုံရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေကို လက်ခံထာဖို့ စီစဉ်နေပါတယ်။ အရင်တုန်းကလိုပဲ သူတို့ကို ကျွန်တော်တို့ နေစရာပေးထားမယ်။ သူတို့အဆင်သင့်ဖြစ်ရင် ပြန်ပို့ပေးသွားမှာပါ”

ဒါပေမယ့် မြန်မာနိုင်ငံဘက်က အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ထိုင်းနိုင်ငံကို ရောက်လာသလားဆိုတာကို မပြောခဲ့သလို၊ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်မှုမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေကိုလည်း ရည်ညွှန်းခြင်း မရှိခဲ့ပါဘူး။

ထိုင်းနိုင်ငံဟာ ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ တစ်ထောက်နားခိုရာနေရာအဖြစ် ကျော်ကြားပါတယ်။

၂၀၁၅ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံက လူကုန်ကူးမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပေမယ့် မြန်မာနိုင်ငံကနေ ထိုင်းကို လူကုန်ကူးမှုဟာ မြင့်တက်နေဆဲဖြစ်တယ်လို့ ထိုင်း လူဝန်မှုကြီးကြပ်ရေးဌာနက မေလအတွင်းမှာ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Ref: usnews