6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၄၊ ၂၀၁၇
M-Media

 

– ရခိုင်ပြည်နယ်က ပြဿနာမှာ ရိုဟင်ဂျာတွေ ညှင်းပမ်းနှိပ်စက်ခံရမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ၊ ရှုတ်ချမှုတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့ပြီး နိုဘယ်ဆုရှင် မာလာလာ၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်တို့ရဲ့ ဝေဖန်မှုတွေ ထွက်လာသလို၊ ဘောလုံးပြိုင်ပွဲအထိလည်း ဒီဂယက်က သက်ရောက်ခဲ့ပါတယ်။

နိုဘယ်ဆုရှင် မာလာလာ

မာလာလာ၏ ကြေငြာချက်

ပါကစ္စတန်က နိုဘယ်ဆုရှင်မာလာလာဟာ ရိုဟင်ဂျာတွေ ဖိနှိပ်ချုပ်ချယ်ခံနေရမှုအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ Twitter စာမျက်နှာမှာ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖိနှိပ်ချုပ်ချယ်ခံနေရသူတွေဖက်က ရပ်တည်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“အကြမ်းဖက်မှုတွေ ရပ်တန့်ကြပါ။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ထားတဲ့ ကလေးငယ်တွေရဲ့ပုံတွေကို ကျွန်မတို့ တွေ့နေရပါတယ်။ ဒီကလေးတွေက ဘယ်သူ့ကိုမှ တိုက်ခိုက်တာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ နေအိမ်တွေကတော့ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေရဲ့ မွေးရပ်မဟုတ်ရင် သူတို့တွေဟာ မျိုးဆက်ပေါင်းများစွာ ဘယ်နေရာမှာ နေခဲ့တာလဲဆိုတာကို မာလာလာက မေးခွန်းထုတ်ခဲ့ပြီး၊ သူတို့မွေးဖွားတဲ့ မြန်မာနိုင်ငံကသာ နိုင်ငံသားပေးရမှာဖြစ်ကြောင်း သူမက ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာမိသားစုတွေကို ခိုလှုံခွင့်၊ အစားအသောက်အတွေပေးကာ ပညာသင်ကြားခွင့်ပေးတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အပြုအမူကို ပါကစ္စတန်အပါအ၀င် အခြားနိုင်ငံတွေက အတုယူဖို့လည်း မာလာလာက တိုက်တွန်းခဲ့ပါတယ်။

“ဒီလို ဆိုးရွားပြီး စက်ဆုပ်စရာကောင်းတဲ့ ဆက်ဆံမှုမျိုးကို ကျွန်မဟာ ပြီးခဲ့တဲ့နှစ် တော်တော်များများကတည်းက အကြိမ်ကြိမ် ရှုတ်ချထားပြီးသားပါ။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလိုလုပ်ဖို့အတွက် ကျွန်မ စောင့်မျှော်နေပါတယ်။ ကမ္ဘာကြီးနဲ့ ရိုဟင်ဂျာမွတ်စလင်တွေကလည်း စောင့်မျှော်နေကြပါတယ်” လို့ ကြေငြာချက်ကို မာလာလာက အဆုံးသတ်ထားပါတယ်။

ယန်းဟီးလီ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီက ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေကို ကာကွယ်မပေးနိုင်ဘူးလို့ ဒီနေ့မှာ ဝေဖန်ခဲ့ပြီး သူမအနေနဲ့ မဖြစ်မနေ ကြားဝင်ဆောင်ရွက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကိုယ်ရဲ့ တရားစီရင်ပိုင်ခွင့်ရှိတဲ့ နယ်နမိတ်အတွင်းမှာ ဘယ်သူ့ကိုမဆို ကာကွယ်ပေးဖို့ဆိုတာ ဘယ်အစိုးရမှာမဆို ကျွန်မတို့မျှော်လင့်တဲ့ ကိစ္စပါပဲ” လို့ ယန်းဟီလီက ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ‘ဆုပ်လည်းဆူး၊ စားလည်းရူမယ့် အခြေအနေမျိုး’ ဖြစ်နေတယ်ဆိုတာ သူသိပေမယ့် ‘အဲဒီအနေအထားကနေ ရုန်းထွက်ဖို့အတွက် အချိန်ကျပြီ’ လို့ လည်း သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ချေချင်းညာ

ခြေချင်းညာ ဆန္ဒပြမှု

ရုရှားနိုင်ငံမြောက်ပိုင်း ချေချင်းညာဒေသမှာ လူပေါင်း သောင်းချီပါဝင်တဲ့ ဆန္ဒပြမှုတစ်ခုကို ပြည်နယ်မြို့တော် Grozny မြို့လယ်ကောင်မှာ ဒီနေ့ ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ချေချင်းညာခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ မာဂိုမဒ် ဒူဒေါ့ဗ်နဲ့ အခြားသော အစိုးရတာဝန်ရှိသူတွေ၊ ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ကိုဒီရော့ဗ်က ရိုဟင်ဂျာတွေအပေါ် ‘လူမျိုးတုန်းသတ်ဖြတ်မှု’ ကျူးလွန်နေတယ်လို့ စွပ်စွဲပြောကြားခဲ့ပြီး နာဇီတွေက ဂျူးတွေကို သတ်ဖြတ်ခဲ့တဲ့ Holocaust နဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ နောက်ပြီး ရုရှားအနေနဲ့ မြန်မာစစ်တပ်ကို ထောက်ခံမယ်ဆိုရင် မိမိအနေနဲ့ ရုရှားသဘောထားအတိုင်း လိုက်မှာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

၂ နာရီနီးပါးကြာတဲ့ ဒီဆန္ဒပြမှုမှာ ကိုဒီရော့ဗ်အပါအ၀င် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ပညာရှင်တွေ မိန့်ခွန်းပြောကြားခဲ့ပြီး ဒေသတွင်း ရုပ်သံတွေက တိုက်ရိုက် ထုတ်လွှင်ပြသခဲ့ပါတယ်။

မော်လ်ဒိုက်

မော်လ်ဒိုက်အစိုးရ ကြေငြာချက်

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရှုတ်ချပြီး လတ်တလော အကြမ်းဖက်မှုအတွင်းမှာ ရိုဟင်ဂျာတွေ အများအပြားသေဆုံးကာ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့အတွက် အလွန်အမင်း စိုးရိမ်ပူပန်မိတယ်လို့ မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီးဌာန မနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

“ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်ရေး မြန်မာအစိုးရက မဆောင်ရွက်မချင်း မြန်မာနဲ့ ကုန်သွယ်မှုကို မော်လ်ဒိုက်အစိုးရက ရပ်တန့်လိုက်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ သွေးထွက်သံယိုမှုတွေအတွက် လျင်လျင်မြန်မြန် ဆောင်ရွက်သွားမယ်လို့ မော်လ်ဒိုက်က ယုံကြည်ကြောင်း၊ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ရှိနေတဲ့အပေါ် ဆန်းစစ်ပေးဖို့ ကုလအတွင်းရေးမှူးနဲ့ ကုလ လူ့အခွင့်အရေးကောင်စီကို တောင်းဆိုပါကြောင်း မော်လ်ဒိုက်က ပြောကြားခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ်

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်

ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးတဲ့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ အခြေအနေကောင်းဖို့အတွက် ရိုဟင်ဂျာတွ ရင်ဆိုင်နေရတဲ့ ဆိုးရွားတဲ့အခြေအနေတွေကို လျော့ပါးအောင် လုပ်ရမှာဖြစ်ကြောင်း၊ တည်ငြိမ်ဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မိမိတို့အနေနဲ့ တိုက်တွန်းကြောင်း မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ရခိုင်အရေးကို ဖြေရှင်းရာမှာ အားလုံးကို ခြုံငုံစေတဲ့ နည်းလမ်းတွေ ရှာဖွေသင့်တယ်လို့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို ကုလအတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းမှုကို ထောက်ခံကြောင်းလည်း နာဂျစ်က စက်တင်ဘာ ၂ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။

မြန်မာဘောလုံးပွဲ ရွှေ့ဆိုင်း

၂၀၁၉ အာရှဖလား ခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၅ ရက်နေ့မှာ မြန်မာအသင်းကို ဧည့်ခံကစားဖို့ရှိနေတဲ့ အလယ်အာရှက ကာဂျစ်တန်နိုင်ငံဟာ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အာရှဘောလုံးအဖွဲ့ချုပ်နဲ့ တိုင်ပင်ပြီး ပွဲကို ရွှေ့ဆိုင်းခဲ့ပါတယ်။

ကာဂျစ္စတန်အစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ “မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေက တော်တော်လေး စိတ်ခံစားမှု မြင့်တက်နေကာ၊ ဘာသာရေးရန်လိုမှုကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ၊ လူအုပ်စုလိုက် ဆန္ဒပြမှုတွေကို တားဆီးနိုင်ဖို့အတွက် ပွဲကို ဒီလို ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။

ကာဂျစ္စတန်ပြည်သူတွေဟာ မနက်ဖြန်ကစားမယ့် မြန်မာနဲ့ပွဲမှာ ရိုဟင်ဂျတွေအပေါ် ဖိနှိပ်မှုရပ်တန့်ရေး ဆန္ဒပြမှုတွေ လုပ်ဖို့လည်း စီစဉ်ထားပါတယ်။

ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်ကတော့ ပွဲရွှေ့ဆိုင်းလိုက်တဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြိုင်ပွဲ ပြန်လည်ကျင်းပမယ့်ရက်ကိုတော့ မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

 

Ref: BBC, foreign.gov.mv, rferl.org, fergananews

Comments are closed.