အောက်တိုဘာ၊ ၂၇ ၊ ၂၀၁၂
M-Media
နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ (မြန်မာနိုင်ငံ) သို့ အသနားခံ တင်ပြချက်။
ရခိုင်ပြည်နယ်အတွင်း မွတ်စလင် လူနည်းစု များနေထိုင်လျက်ရှိသော မြို့နယ်အသီးသီးတွင် ၂၁-၁၀-၂၀၁၂ ရက်နေ့စတင်ပြီး ဒုတိယအကြိမ်ထပ်မံဖြစ်ပွားသော အကြမ်းဖက် အရေးအခင်းတွင် လူများစု ရခိုင် လူမျိုးများတို့က လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် တိုက်ခိုက် (မီးရှိုး ၊ လုယက် ၊ သတ်ဖြတ်) မှု ကိုမခံနိုင် သဖြင့် ကျောက်ဖြူ မြို့နယ် နှင့် ပေါက်တောမြို့နယ် တို့မှ စက်လှေ အစီး (၇၀) ကျော်ဖြင့် ဒုက္ခသည် (၇၀၀၀) ကျော်တို့ သည် ပင်လယ်ပြင်ကို ဖြတ်ပြီး စစ်တွေမြို့ ရှိ မွတ်စလင် များနေထိုင်သော ကျေးရွာများ ဒုက္ခသည် စခန်းများသို့ အသက်အန္တရာယ်မှ လွတ်မြောက်ရန် ထွက်ပြေးလာရာမှာ ရခိုင်ပြည်နယ် အစိုးရ ၏ အမိန့်ဖြင့် ဒုက္ခသည် စခန်းများနှင့် မနီးမဝေး ပင်လယ်တွင် ၊ မိမိတို့ စက်လှေများပေါ်တွင် အစာရေစာ ငတ်မွတ်မှု နှင့် ရင်ဆိုင်လျက် ပိတ်ဆို့ ထိန်းချုပ် ခြင်းခံနေရပါသည်။
ပြည်နယ်အစိုးရ အဖွဲ့အနေ ဖြင့် မိမိတို့ ဒုက္ခသည်များအား စစ်တွေမြို့နယ် အတွင်းရှိ မွတ်စလင် ဒုက္ခသည် စခန်းမျာတွင် လက်မခံပါက မိမိတို့အား ကျောက်ဖြူ မြို့နယ် နှင့် ပေါက်တောမြို့ နယ်များရှိ မိမိတို့ ၏ ရပ်ကွက်ကျေးရွာ များသို့ လုံခြုံရေး အစီအမံဖြင့် ပြန်လည်ပို့ပေးပြီး စောင့်ရှောက်ထားပေးပါရန် အသနားခံအပ်ပါသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှ အပ မည်သည့် မြို့များတွင် ဒုက္ခသည် အဖြစ် သွားရောက်နေထိုင်ရန် လုံးဝ (လုံးဝ) ဆန္ဒမရှိပါ။
သို့မဟုတ်ပါက ပြည်ထောင်စု အစိုးရ အဖွဲ့ အနေဖြင့် ကုလသမ္မဂ အဖွဲ့ အစည်း နှင့် စနစ်တကျ ညှို နှိုင်းစီမံပြီး ဘင်္ဂလားဒေရှ် နိုင်ငံ မှ အပ တခြား တတိယ နိုင်ငံ တစ်နိုင်သို့ လူသားချင်း စာနာစွာဖြင့် ပို့ပေးဆောင်ရွက်ပေးပါရန် အသနားခံအပ်ပါသည်။
(ပင်လယ်ပြင်မျော ဒုက္ခသည်များ)
ကျောက်တော်မြို့နယ် နှင့် ပေါက်တောမြို့ နယ်မှ မွတ်စလင်များ
Comments