6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၀၊ ၂၀၁၇
M-Media

ဆိုးလ်မြို့ရှိ ဟာလာလ်စားသောက်ဆိုင်တစ်ခု

– ကိုရီးယားရဲ့ အမှတ်သညာ အစားအသောက်တစ်ခုက ၀က်ရဲ့ ဗိုက်အသားကို ကိုယ်တိုင်ကင်ပြီး ဆလပ်ရွက်နဲ့ထုပ်ကာ ကြက်သွန်ဖြူ၊ ငရုပ်ကောင်းမှုန်း စတာတွေနဲ့ တွဲဖက်စားသုံးရတဲ့ smagyeopsal ဟင်းလျာဖြစ်ပါတယ်။ ဒီဟင်းလျာတစ်လုပ်ကို ဆိုဂျူတစ်ကျိုက်နဲ့ မျှောချရတာပါ။ ၂၀၁၂ ခုနှစ်အတွင်း တောင်ကိုရီးယားမှာေ
သာက်သုံးတဲ့ အရက်ပြင်းပမာဏဟာ ပုလင်းပေါင်း ၃ ဘီလီယံ ရှိပါတယ်။

ဝက်သားနဲ့ အရက်လွှမ်းမိုးတဲ့ တောင်ကိုရီးယားရဲ့ အစားအသောက်ကြောင့် မွတ်စလင်တွေခရီးသွားတွေ တောင်ကိုရီးယားကို လာရောက်ဖို့ အတားအဆီးဖြစ်မယ်လို့ ယူဆနိုင်စရာပါပဲ။ ဒါပေမယ့် အာရှရဲ့ စတုတ္ထမြောက် စီးပွားရေးအကြီးမားဆုံး တောင်ကိုရီးယားရဲ့ ခရီးသွားလုပ်ငန်း တိုးတက်မှုမှာ မွတ်စလင်ခရီးသွားတွေက အဓိကဖြစ်နေပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ တောင်ကိုရီးယားအစိုးရက မွတ်စလင်ခရီးသွား ၁.၂ သန်းကို စွဲဆောင်သွားမယ်လို့ Yonhap သတင်းအေဂျင်စီက ဖော်ပြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ၉၈၆၀၀၀ ထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာတာပါ။

စွဲဆောင်မှုတွေပြုလုပ်

မွတ်စလင်ခရီးသွားတွေ တောင်ကိုရီးယားကို စိတ်ဝင်စားလာရေး အစိုးရက ဆောင်ရွက်တဲ့ အစီအစဉ်တွေထဲမှာ တစ်ခုက ၂ လတာကြာမြင့်တဲ့ ဟာလာလ်အစားအသောက်သီတင်းပတ် Halal Restarurant Week Korea ဖြစ်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကျင်းပမယ့် ဒီအစီအစဉ်မှာ ဟာလာစားသောက်ဆိုင်တွေဟာ အထူးဈေးနှုန်းနဲ့ ရောင်းချပေးတာပါ။ ကိုရီးယား ခရီးသွားလာရေးအဖွဲ့ (KTO) ဟာ နိုင်ငံတစ်ဝှမ်းက ဟာလာလ်စားသောက်ဆိုင်တွေကို ဖော်ပြထားတဲ့ လမ်းညွှတ်စာအုပ်ကိုလည်း အွန်လိုင်းမှာ အခမဲ့ ဖြန့်ချီထားပါတယ်။

ကိုရီးယားနိုင်ငံမှာ ဟာလာလ်အစားအသောက်ကို ရှာဖွေဖို့ဟာ မွတ်စလင်ခရီးသွားတွေအတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်ပါတယ်။ KTO ရဲ့ လက်ထောက်ဒါရိုက်တာဖြစ်ပြီး အာရှနဲ့ အရှေ့အလယ်ပိုင်းအဖွဲ့ကို ဦးဆောင်တဲ့ ရှင်မင်ကျူက ဟာလာလ်အစားအသောက်သီတင်းပတ်လို အစီအစဉ်ဟာ ‘မွတ်စလင်ခရီးသွားတွေ သက်တောင့်သက်သာဖြစ်စေရေး’ ပိုမိုဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ စက်တင်ဘာ ၈ ရက်နေ့မှာ Yonhap သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

ကိုရီးယားဟာ အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းက မွတ်စလင်ခရီးသွားတွေကို အဓိကထား စွဲဆောင်နေပါတယ်။ ကိုရီးယားဟာ သူတို့ရဲ့ ခရီးသွားလုပ်ငန်းကို အလယ်အာရှမှာလည်း ချဲ့ထွင်နေပြီး ကာဇက်စတန်နိုင်ငံ အလ်မာတီမြို့မှာ KTO ဟာ ဇူလိုင်လမှာ ရုံးခန်းတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။

ဒီလိုကြိုးပမ်းမှုမျိုးဟာ တစ်နိုင်ငံလုံးမှာ ဗလီ ၈ လုံးသာရှိတဲ့ ကိုရီးယားနိုင်ငံက လုပ်မယ်လို့ မမျှော်လင့်ထားတဲ့ ကိစ္စမျိုးပါ။ ဒါပေမယ့် ခရီးသွားလုပ်ငန်းက လူတွေကတော့ သဘောပေါက်ကြပါတယ်။ ၂၀၁၄ ခုနှစ် Reuters သတင်းဌာနရဲ့ ဖော်ပြမှုတစ်ခုမှာ (ဟဂ်ျဘုရားဖူးခရီးသွားမှု မပါဝင်ဘဲ) ကမ္ဘာ့ မွတ်စလင်တွေဟာ ခရီးသွားမှုမှာ တစ်နှစ်ကို ကန်ဒေါ်လာ ၁၄၂ ဘီလီယံလောက် သုံးစွဲနေတယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်ခရီးသွားတွေ သုံးစွဲတဲ့ ဘီလီယံ ၁၆၀၊ အမေရိကန်ခရီးသွားတွေ အသုံးပြုတဲ့ ၁၄၃ ဘီလီယံထက် နည်းနည်းသာ လျော့ပါတယ်။

ကိုရီးယားဟာ ခရီးသွားလုပ်ငန်းမှာ ဒီနှစ်အတွင်း ဆိုးဆိုးဝါးဝါး ဆုံးရှုံးမှုကို ပြန်လည် နလန်ထူဖို့ ကြိုးစားနေပါတယ်။ ကိုရီးယားကို လာရောက်တဲ့ ခရီးသွားတွေရဲ့ ထက်ဝက်နီးပါးလောက်ဟာ တရုတ်နိုင်ငံက ဖြစ်ပေမယ့် မတ်လအတွင်း THAAD ဒုံးခွင်းစနစ် ဖြန့်ကျက်ခဲ့ပြီးတဲ့နောက်ပိုင်း တရုတ်နိုင်ငံသားတွေက ကိုရီးယားထွက်ကုန်တွေကို စတင် သပိတ်မှောက်လာခဲ့ပါတယ်။ ဒီလို ဒုံးခွင်းစနစ် ချမှုအတွက် လက်စားချေမှုထဲက တစ်ခုဟာ ကိုရီးယားကို သွားရောက်တဲ့ အုပ်စုလိုက် ခရီးသွားအစီအစဉ်တွေအားလုံးကို ပိတ်ပစ်လိုက်တာပါ။

တရုတ်ခရီးသွားတွေ လျော့ကျမှု

၂၀၁၆ ခုနှစ်နဲ့စာရင် ဒီနှစ်အတွင်းမှာ တရုတ်ခရီးသွားတွေဟာ ထက်ဝက်လောက်ကျဆင်းသွားပြီး ခရီးသွားလုပ်ငန်းတစ်ခုလုံးရဲ့ ၂၃ ရာခိုင်နှုန်း၊ ခရီးသွား ၃ သန်းလောက် ကျဆင်းသွားတာပါ။ ခရီးသွားလုပ်ငန်းက ရရှိတဲ့ ၀င်ငွေဟာလည်း ၂၄ ရာခိုင်နှုန်း လျော့သွားပါတယ်။

မွတ်စလင်ခရီးသွားတွေကို ပစ်မှတ်ထားလာမှုကြောင့် ကိုရီးယားရဲ့ ခရီးသွားလုပ်ငန်းဟာ နိုင်ငံငယ်လေးတစ်တွေ တစ်ချို့ကနေ အထောက်အကူ ဖြစ်လာပါတယ်။ အခုနှစ်အတွင်း ကာဇက်စတန်နဲ့ အီရန်တို့က ခရီးသွား အရေအတွက်ဟာ ၂၂ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်း အသီးသီး တက်လာပါတယ်။ ဥဇဘက်ကစ္စတန်နဲ့ အရှေ့အလယ်ပိုင်းက ၈ ရာခိုင်နှုန်းလောက် ပိုဝင်လာပြီး ပါကစ္စတန်က ၄.၅ ရာခိုင်နှုန်းလောက် ၀င်လာခဲ့ပါတယ်။

ဆိုးလ်မြို့ Kyung Hee တက္ကသိုလ်ရဲ့ College of Hotel and Tourism Management က လက်ထောက် ပါမောက္ခ လောရင့် ဘန်ဒဲလ်က မွတ်စလင်ခရီးသွားတွေ ဒီလို တိုးတက်လာပေမယ့် တရုတ်ခရီးသွားတွေ လျော့ကျမှုကို မကာမိဘူးလို့ ဆိုပါတယ်။

“တရုတ်ခရီးသွားတွေရဲ့ အရေအတွက် မြင့်မားမှုကြောင့် တစ်ခြားနိုင်ငံက အစားထိုးနိုင်မှာ မဟုတ်ပါဘူး”

မလေးရှားက ခရီးသွားလာရောက်မှုဟာ အခုနှစ်အတွင်း ကိုရီးယားကို လာရောက်တဲ့ ခရီးသွားစုစုပေါင်းအရေအတွက်ရဲ့ ၂ ရာခိုင်နှုန်းလောက်သာရှိပြီး၊ အရှေ့အလယ်ပိုင်းက ခရီးသွားတွေက ၀.၂ ရာခိုင်နှုန်းသာ ရှိပါတယ်။ တရုတ်နိုင်ငံက ၅.၆ သန်းသော ခရီးသွားတွေဟာ ပြီးခဲ့တဲ့နှစ် ကိုရီးယားကို လာရောက်တဲ့ ခရီးသွား
အရေအတွက်ရဲ့ ၄၉ ရာခိုင်နှုန်း ရှိတာပါ။

ဒီလို ကြိုးစားအားထုတ်မှုတွက ကိုရီးယားရဲ့ ကန်ဒေါ်လာ ၁၀.၈ ဘီလီယံတန် duty-free ဈေးကွက်ကိုလည်း အထောက်အကူ မဖြစ်ဘူးလို့ စီးပွားရေး လေ့လာမှုအဖွဲ့ Moodie Davitt Report ရဲ့ ဇူလိုင်လ ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။ ဒါဈေးကွက်ဟာ ၁၄ နှစ်အတွင်း ပထမဆုံး ကျဆင်းမှုကို ကြုံရပါတယ်။

“ဒီနှစ်ဟာ ကိုရီးယား duty-free ဈေးကွက်အတွက် အမှောင်ဖုံးတဲ့ ရာသီပါပဲ” လို့ Moodie Davitt Report က အမည်မဖော်လိုတဲ့ အတွင်းလူတစ်ယောက်က ပြောပါတယ်။

အရင်နှစ်များထက် ပိုကောင်းနေ

လတ်တလော ကျဆင်းမှုတွေရှိပေမယ့် ကိုရီးယားရဲ့ ခရီးသွားလုပ်ငန်းဟာ အရင်တွေကထက်စာရင် ကောင်းလာပါတယ်။ ပြီးခဲ့ ၁၀ နှစ်အတွင်း တောင်ကိုရီးယားကို လာရောက်တဲ့ ခရီးသွားအရေအတွက်ဟာ ၂ ဆ တိုးလာပြီး သူတို့ရဲ့ သုံးစွဲမှုကလည်း ၃ ဆ တိုးလာပါတယ်။ ဒီလိုတိုးတက်မှုဟာ ကိုရီးယား အစားအသောက်၊ တီဗီအစီအစဉ်၊ ရုပ်ရှင်တွေနဲ့ အခြားယဉ်ကျေးမှုဆိုင်ရာ တင်ဆက်မှုတွေ လူကြိုက်များလာလို့ ဖြစ်ပါတယ်။

တရုတ်နဲ့ ဂျပန်ပြီးရင် အရှေ့တောင်အာရှဟာ ကိုရီးယား ယဉ်ကျေးမှု ဈေးကွက်သမားတွေရဲ့ အဓိက ပစ်မှတ်ပါ။ ဒီဒေသမှာ ပျိုတိုင်းကြိုက်တဲ့ ကိုရီးယား အမျိုးသား ဂီတအဖွဲ့၊ ဒရာမာရုပ်ရှင်ကားတွေ၊ အရောင်စုံတဲ့ နှုတ်ခမ်းနီမလေးတွေ စတာတွေကို နှစ်သက်တဲ့ လူငယ်အရေအတွက် တော်တော်များများ ရှိပါတယ်။ Hallyu
ဈေးကွက်ဟာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့မှာ အလျင်အမြန် တိုးတက်နေတယ်လို့ Korea Times က ဖေဖော်ဝါရီမှာ ဖော်ပြခဲ့ပါတယ်။

“အရှေ့တောင်အာရှမှာ ကိုရီးယားအပေါ် စိတ်ဝင်စားမှုကို Hallyu က အထောက်အကူဖြစ်စေပါတယ်။ ကိုရီးယား တီဗီအစီအစဉ်တွေ၊ K-pop ရှိုးတွေကလည်း ကိုရီးယားအတွက် အပြုသဘောဆောင်စေပါတယ်” လို့ ဘန်ဒဲလ်က ပြောပါတယ်။

ဒါတွေကြောင့် အရှေ့တောင်အာရှက လူငယ်တွေဟာ သူတို့ရဲ့ အသည်းစွဲတွေကို ကြည့်ဖို့၊ မျက်နှာဖုံးတွေ ၀ယ်ယူဖို့ ကိုရီးယားကို ခရီးသွားကြပြီး၊ မလေးရှားနဲ့ အင်ဒိုနီးရှားက ခရီးသွားတွေဟာလည်း ကိုရီးယား ဟာလာလ်ဈေးကွက်ကို စတင် ထိတွေ့ ခံစားလာကြပါတယ်။

Ref: Forbes

(Forbes တွင် ဖော်ပြထားသည့် After Losing Chinese Tourists, South Korea Wants To Grow Its Burgeoning Muslim Tourism Numbers ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.