အောက်တိုဘာ၊ ၂၉ ၊ ၂၀၁၂
M-Media
သတင်း-ထွန်းတောက်
ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ် ရပ်ကွက်(၃) နှင့် ရပ်ကွက်(၄) မှ ( ၂၄.၁၀.၁၂)နေ့မှ ရောက်ရှိလာသော ဒုက္ခသည်များကို အမှတ်(၆) အုန်းတောကျေးရွာအနီး ပင်လယ်ကမ်းစပ် နားတွင် မိုးအကာမရှိ မြေပြင်ပေါ်တွင် တိရစ္ဆာန်များသဖွယ် ပစ်ထားကာ ယနေ့အထိ စစ်တွေမြို့မှ ဒုက္ခသည်စခန်းများသို့ ၀င်ခွင့်မပြုသေးကြောင်းသိရပါတယ်။ ထိုအပြင် အစားရေစာ နှင့် ဆေးဝါးကုသမှုလည်း မပေးကြာင်း၊ စစ်သားများ၊ နစက များ၊ရဲ များက ရိုက်နှက်ညှင်းပမ်းမှုများ ပြုလုပ်နေကြောင်းသိရပါတယ်။
အစာရေစာ ပြတ်လပ်မှု့နှင့် ဆေးဝါးကုသမှု့မရရှိသောကြောင့် ဒုက္ခသည်များ နေ့စဉ် သေဆုံးမှု့များရှိကြောင်း သတင်းရရှိပါသည်။
ယနေ့ လည်း အသက်ကြီးရွယ်အို တစ်ဦး အလေးသွားပြန်လာရာ နောက်ကျရမှာလား ဆိုပြီး နစက နှင့် ရဲများက ရိုက်နှက်သဖြင့် ထိုလူအိုကြီး သေးဆုံးသွားကြောင်း စုံစမ်းသိရှိရပါတယ်။ ရခိုင်များအကြမ်းဖက်မှုကြောင့် အသက်လုထွက်ပြေးလာရသော ကမန်တိုင်းရင်းသား နှင့် ရိုဟင်ဂျာ များကို စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် လက်မခံရန်ပြည်နယ်ဝန်ကြီး ချူပ် ဦးလှမောင်တင် မှ အမိန့်ပေးထားသောကြောင့် လက်အောက် ငယ်သားများက တားဆီးနေရသည်ဟု ပြောပါသည်။
ရခိုင်အကြမ်းဖက်သမားများ၏ မီးရှို့ ဖျက်ဆီးမှု့ကြောင့် ပေါက်တောမြို့နယ်မှ ပျက်စီးဆုံးရှုံးမှုများအား အနီးစပ်ဆုံး သိရှိရသည်မှာ
၁ | သဲစုဒိုင်ကျေးရွာ | ၁၃၀ |
၂ | ရပ်ကွက် (၃) | ၅၀၀ |
၃ | ရပ်ကွက် (၄) | ၅၂၀ |
၎ | ဒုံရွာ | ၃၆၀ |
၅ | လင်္ကာဒီယာကျေးရွာ | ၈၇ |
၆ | ဒိုင်းချောင်း | ၃၂၀ |
၇ | ကန်ရေဟောင်း | ၃၁၀ |
၈ | ရွာသစ် | ၄၆၀ |
၉ | ကွမ်းသီးပြင် | ၈၇ |
၁၀ | ရွာဟောင်း | ၁၃၇ |
၁၁ | ရိုးလေးပြင် | ၃၁၂ |
၁၂ | ထွန်းပြင် | ၂၁၈ |
၁၃ | ကန်နီပြင် | ၃၃၀ |
ပေါက်တောမြို့ရှိ ဗလီ(၁၅) လုံး မီးရှို့ဖျက်ဆီးခြင်းခံရကြောင်း သတင်းရရှိပါသည်။ မပျက်စီးသော ရွာ ၅ ရွာမျှသာ ကျန်ရှိကြောင်း၊ ရခိုင်များ မီးရှို့မှုကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ဖြစ်သွားသူ လူဦးရေ ၈၆၇၀ ခန့်ရှိကြောင်းသိရှိရပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရမှကြောင့် သေဆုံးသည့် မွတ်စလင်အရေအတွက် များပြားကြောင်း နှင့်အကြမ်းဖက်မီးရှို့မှု့နှင့် သတ်ဖြတ်မှုကြောင့် သေဆုံးသူ အေ၇အတွက်အလွန်များကြောင်း ၊ အသေးစိတ် သေဆုံးဒဏ်ရာ ရရှိသူများစာရင်းကို တိကျစွာ သိရှိရန်အတွက် M-Media မှ ထပ်မံ စုံစမ်းလျှက်၇ှိပါတယ်။
ရခိုင်ပြည်နယ် အတွင်း ထပ်မံဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသူ ဦးရေသည် အနည်းဆုံး လူဦးရေ နှစ်သောင်း နှစ်ထောင့် ငါးရာ ရှိသည်ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ခဲ့ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့ တွင် CNN သတင်းဌာန က ဖော်ပြသည်။
Comments