6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၂၉ ၊ ၂၀၁၂

M-Media

သတင်း- အောင်မင်း

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များကို အကြမ်းဖက်တိုက်ခိုက်ရန်အတွင် အစပြုဖြစ်ခဲ့သည့် ကျောက်နီမော်ကျေးရွာသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ  ဒုတိယ ဗိုလ်ချူပ်ကြီး လှမင်း နှင့် အဖွဲ့ဝင်များရောက်လာပြီး မွတ်စလင်နှင့် ရခိုင်ခေါင်းဆောင်များအား တဖက်လျှင် (၁၅) ယောက်ဆီခေါ်ယူတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယ ဗိုလ်ချူပ်ကြီး လှမင်းက ရခိုင်ဘက်မှ ခေါင်းဆောင်များကို သတိပေးပြောကြားရာတွင် ” ယခုဖြစ်ပျက်နေသည့် လုပ်ရပ်များမှာ မိုက်ရူးရဲဆန်သော လုပ်ရပ်များဖြစ်ကြောင်း၊ ရခိုင်လူမျိုးများမှာ သမ္မတကြီးကို ထောက်ခံသည် ပြောဆိုနေပေမယ့် လက်တွေ လုပ်ရပ်ကြောင့် ယနေ့ ကမ္ဘာ့အလယ်မှာ  နိုင်ငံသိက္ခာကျနေကြောင်း ” စသည့်ဖြင့် ပြောဆိုသွားကြောင်းသိရှိရပါတယ်။

ဤကဲ့သို့ ဒု-ဗိုလ်ချူပ်ကြီးလှမင်း ပြန်သွားပြီးနောက် ယနေ့ ညနေ့တွင် ကျောက်ထံရံရွာ (ကျော်နီမော်ကျေးရွာနှင့် ကပ်လျှက် မွတ်စလင်မ်ရွာ) သို့ ရခိုင်အကြမ်းဖက်များက တိုက်ခိုက်ရန် လူစုနေကြောင်း သတင်းများ ထွက်ပေးပေါ်လျက်ရှိကြောင်း သိရှိရပါတယ်။

ယခုကဲ့သို့ ကျောက်ထရံရွာမှ မွတ်စလင်မ်များကို အကြမ်းဖက်တိုက်ခိုက်ရန် ဦးဆောင်လှုံဆော်နေသူများမှာ
1 . DR အောင်စစ်ထွန်း
2. အောင်မြတ်ဇော် (ခ) ညီပု ( ရယကဟောင်း )
3. ဦးဖြူလုံး ( မရမ်းချောင်း အုပ်စု)
5 . ဦးမောင်ဇော်
6 . ဦးရွှေဘ ( စံပြ ကျောက်နီမော်ရွာ )
7 . မောင်လှသွယ် ( ကြံ့ ဖွံ စည်းရုံးရေးမှူး )
8 . ခင်မောင်မြင့် ( ချောင်းရွာ အုပ်စု)
9 . ဦးမြမောင် ( စံပြ မယက စာရေး ) တို့ဖြစ်ကြကြောင်း သိရပါတယ်။

လက်ရှိ မွတ်စလင်များ နေထိုင်ရာ ကျောက်ထရံကျေးရွာကို အကြမ်းဖက်ရန်မှ ကာကွယ် ပေးရန် အတွက် ခလရ(၅၆၂)မှ လုံခြုံရေးယူပေးထားကြောင်း၊ တပ်အင်အား ၁၀၀ ခန့်ရှိကြောင်းသိရှိရပါတယ်။

ကျောက်ထရံရွာနှင့် အနီးတဝိုက်မှ မွတ်စလင်များမှ ယင်းတို့ နေထိုင်ရာ ကျေးရွာအပြင်သို့ ထွက်ခွင့်မရှိဘဲ ကျေးရွာ အတွင်းသာနေရကြောင်း ၊ ယခင်က ကျန်းမာရေးကိစ္စများအတွက် ကျောက်ဖြူမြို့သို့ ဆေးကုသရန်သွားရကြောင်း ၊ ယခု ကျောက်ဖြူတမြို့လုံး မွတ်စလင်တို့ အား အကြမ်းဖက်မှုများဖြစ်ပွားပြီ ၄င်းတို့ အနေဖြင့် အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် အလွန်ပင် ဒုက္ခရောက်ရှိနေကြောင်း ဒေသခံရွာသားတစ်ဦးမှ M-Media သို့ ပြောကြားခဲ့ပါတယ်။

Leave a Reply