နိုဝင်ဘာ ၂၊ ၂၀၁၇
M-Media
– နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို ဒီကနေ့မှာ နေ့ချင်းပြန်ခရီးစဉ် သွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ ပြည်နယ်မြို့တော် စစ်တွေကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဟတ်ယာဉ်တွေနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို သွားရောက်ခဲ့ပါတယ်။
Arakan Project စောင့်ကြည့်ရေးအဖွဲ့က ခရစ္စလီဝါက မောင်တောကိုရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခတွေမဖြစ်ပွားဖို့ ပြောကြားခဲ့ကြောင်း၊ မိမိတို့အစိုးရအနေနဲ့လည်း ကူညီပေးသွားမှာဖြစ်ကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူတွေကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ် အာဏာရပြီးကတည်း ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ကို သွားရောက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေမှုအတွက် ဒေါ်အောင်စုကြည်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၁၉၉၀ ပြည့်နှစ်တွေက နှစ်နိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်အတိုင်း ပြန်လည်လက်ခံမယ်လို့ ကတိပြုခဲ့ပြီး၊ ပြီးခဲ့တဲ့လကလည်း ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်နေရာချထားရေး စီမံကိန်းတစ်ခုကို စတင်ခဲ့ကာ သူမကိုယ်တိုင် ဦးဆောင်မှာ ဖြစ်ပါတယ်။
Ref: Reuters
Comments