နိုဝင်ဘာ ၆၊ ၂၀၁၇
M-Media
– အပူလောင်သူတွေ၊ မီးလောင်သူတွေကို ကုသရမှာ ဗိုက်တာမင်ဒီ ဖြည့်စွက်ပေးခြင်းဟာ သူတို့ရဲ့ ဒဏ်ရာတွေကို ပျောက်ကင်းဖို့နဲ့ ကူးစက်ရောဖြစ်ပွားမှုကို တားဆီးဖို့ အထောက်အကူဖြစ်စေတယ်လို့ ယူကေ သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။
ဘာမင်ဂမ်က Institute of Inflammation and Aging အသင်းကနေ အဲဒီ သုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး ပွန်းပဲ့တာ၊ ဓာတ်ရောင်ခြည်ထိမိတာ၊ လျှပ်စစ်နဲ့ အပူလောင်တာ၊ ဓာတ်တုပစ္စည်းတွေနဲ့ ထိတွေတာတွေကြောင့် အရေပြား၊ အသား လောင်ကျွမ်းပျက်ဆီးမှုတွေကို ကုသရာမှာ ဗိုက်တာမင်ဒီက တော်တော်လေးကို အကူအညီအဖြစ်စေတယ်လို့ ဆိုပါတယ်။
အဲဒီလို အပူလောင်ကျွမ်းမှုကြောင့် နှစ်စဉ် လူပေါင်း တစ်သိန်းရှစ်သောင်းလောက် သေဆုံးနေကြပါတယ်။
အပူလောင်မှုကို ကုသရာမှာ ခေတ်မီနည်းလမ်းတွေ ရှိနေပေမယ့် ပုံမှန်အတိုင်း ပြန်မကောင်းတဲ့သူတွေလည်း ရှိနေပြီး အနာမကျက်တာ၊ အဲဒီအနာတွေကနေတစ်ဆင့် ရောဂါပိုးကူးစက်တာတွေမျိုးတွေလည်း ဖြစ်လေ့ရှိပါတယ်။
ဗိုက်တာမင်ဒီဟာ ဘက်တီးရီးယားတိုက်ဖျက်တဲ့ ပရိုတိန်းတွေရဲ့ လုပ်ဆောင်မှုကို မြင့်တက်စေပြီး၊ ဆဲလ်တော်တော်များများမှာ ဘက်တီးရီယားတွေ သေဆုံးနိုင်စွမ်းကို မြင့်တက်စေတာကြောင့် အပူလောင်သူတွေကို ဗိုက်တာမင်ဒီ ပိုမိုဖြည့်စွက်ပေးမယ်ဆိုရင် အနာအကျက်မြန်ပြီး၊ ရောဂါပိုးကူးစက်မှုကနေလည်း ကာကွယ်ပေးနု
ိင်ပါတယ်။
သုတေသနအတွင်းမှာ အလွန်အမင်း အပူလောင်ထားတဲ့ လူနာတွေကို ၁၂ လကြာ လေ့လာကာ ဗိုက်တာမင်ဒီ ပါဝင်မှုကို နှိုင်းယှဉ်ခဲ့ပြီး၊ ပါဝင်မှုများသူတွေက အနာအမြန်ကျက်တာ၊ အမာရွတ်ပါးသွားတာတွေကို တွေ့ခဲ့ရပါတယ်။
ဒီရလဒ်က အပူလောင်တဲ့သူတွေကို ဗိုက်တာမီဒီ မြန်နိုင်သမျှမြန်မြန် ဖြည့်စွက်ပေးခြင်းအားဖြင့် အနာကျက်မှုကို ပိုမို ပြန်ဆန်စေပြီး၊ ကူးစက်ရောဂါဝင်ရောက်မှုကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။
အခုသုတေသနဟာ ကနဦး တွေ့ရှိမှုသာဖြစ်ပြီး အပူလောင်သူတွေမှာ ဗိုက်တာမင်ဒီ ဖြည့်စွက်ပေးမှုကို ကုသနည်းတစ်ခုအဖြစ် သတ်မှတ်နိုင်ဖို့ နောက်ထပ် သုတေသနေတွေ ဆက်လုပ်ဖို့ လိုအပ်နေပါသေးတယ်။
Ref: Medical News Today
Comments