နိုဝင်ဘာ ၂၄၊ ၂၀၁၇
M-Media
– အီဂျစ်နိုင်ငံမြောက်ပိုင်း ဆိုင်းနိုင်ကျွန်းဆွယ်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးကို သေနတ်သမားများက တိုက်ခိုက်မှုအတွင်း အနည်း ၁၅၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
အလ်-အာရစ်ရှ်မြို့အနောက်ပိုင်း အလ်-ရောင်ဒါရွာရှိ ဗလီဝတ်ကျောင်းတော်တွင် သောကြာနေ့ ၀တ်ပြုဆုတောင်းမှုအတွင်း တရားဒေသနာ ဟောကြားနေစဉ် သေနတ်သမားများမှာ ဗုံးခွဲမှု၊ သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ဒဏ်ရာရရှိသူများမှာ ၁၂၀ ခန့်ရှိပြီး သေဆုံးသူအရေအတွက်မှာလည်း မြင့်တက်လာနိုင်သည့် အခြေအနေတွင် ရှိနေသည်။
အီဂျစ်မှာ လူသူနည်းပါးသော ဆိုင်းနိုင်းကျွန်းဆွယ်ရှိ လက်နက်ကိုင်လှုပ်ရှားမှု အုပ်စုနှင့် နှစ်ပေါင်းများစွာ တိုက်ပွဲများ ဖြစ်လာခဲ့ပြီး အဆိုပါအုပ်စုမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော မွတ်စလင်ဘရားသားဟုဒ်ပါတီမှ သမ္မတ မိုဟာမက် မော်စီကို စစ်တပ်က ဖြုတ်ခဲ့သည့် ၂၀၁၃ ခုနှစ် အလယ်ပိုင်းမှစ၍
အင်အား ပိုမိုတောင့်တင်းလာခဲ့သည်။
၂၀၁၄ ခုနှစ်က စစ်သား ၃၁ ဦး သေဆုံးသော အသေခံဗုံးခွဲမှုပြီးနောက် အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီက ကျွန်းဆွယ်အား အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး ဆိုင်းနိုင်းမှာ ‘အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်သမားများ ခိုအောင်ရာနေရာ’ ဟု ပြောကြားခဲ့သည်။
Ref: Aljazeera
Comments