6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၇၊ ၂၀၁၇
M-Media

– အိန္ဒိယက အူရဒူကဗျာဆရာကြီး မီဇာ ဂါလစ်ဘ်ရဲ့ နှစ် ၂၂၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့မှာ Google က သူတို့ရဲ့ Homepage မှာ ကဗျာဆရာကြီးရဲ့ ပုံရိပ်ကို လွှင့်တင်ပေးခဲ့ပါတယ်။

၁၇၉၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က အူတာပရာဒက်ရှ်ပြည်နယ် အဂ်ရာမြို့မှာ မွေးဖွားခဲ့တဲ့ ဂါလစ်ဘ်ဟာ အိန္ဒိယ၊ ပါကစ္စတန်တွင်သာမကဘဲ ကမ္ဘာတစ်ဝှမ်းက အိန္ဒိယနွယ်ဖွားတွေကြားမှာပါ ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။

အသက် ၁၁ နှစ်အရွယ်မှာ ကဗျာ၊ လင်္ကာတွေကို စတင်ရေးသားခဲ့ပြီး ဘ၀ဖြတ်သန်မှုက ကြမ်းတမ်းကာ ကြေကွဲစရာတွေနဲ့ ပြည့်နှက်နေတဲ့အတွက် သူ့ရဲ့ စာပေအများစုကလည်း အလွမ်းသဘောဆောင်ပါတယ်။

အမည်အရင်းက မီရ်ဇာ အစဒွလ္လာဟ် ဘာအစ်ခန်းဖြစ်ပြီး ကလောင်အမည် ‘ဂါလစ်ဘ်’ နဲ့ ကျော်ကြားပါတယ်။ ဆရာကြီး ဂါလစ်ဘ်ဟာ ပါရှန်ပါဘာသာစကားကိုလည်း ကျွမ်းကျင်ပါတယ်။

Google ၏ Home Page မှ ပုံ

စာအရေးအသားမှာ အထူးညည်ညောကောင်းမွန်ပြီး စကားအလှတွေ ဆင်ယင်လွန်းတဲ့ အူရဒူစာပေကို လူတိုင်း လွယ်လွယ်ကူကူရေးနိုင်စေမယ့် နည်းလမ်းကို ဖော်ဆောင်ပေးခဲ့ပါတယ်။

သက္ကရာဇ် ၁၈၅၀ မှာ အိန္ဒိယဧကရာဇ် ဘဟာဒူးရ် ရှား ဇာဖာရ် (၂) က ဆရာကြီးကို ဒါဘီရ် အွလ် မွလ်က်ဆိုတဲ့ ဆုနဲ့ နဂျမ် အွဒ် ဒေါင်လာဆိုတဲ့ ဘွဲ့တို့ကို ပေးခဲ့ပါတယ်။

၁၈၆၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ ဒေလီမြို့မှာ ကွယ်လွန်ခဲ့ပြီး နေအိမ်ကိုတော့ ဆရာကြီးရဲ့ လက်ရာတွေ ပြသထားတဲ့ ပြတိုက်တစ်ခုအဖြစ် ပြုလုပ်ထားပါတယ်။

Ref: Aljazeera

Tags:

Comments are closed.