ဒီဇင်ဘာ ၂၈၊ ၂၀၁၇
M-Media
– ဒူတိုင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေ နောက်ထပ် စိတ်ဝင်စားဖွယ်နေရာတစ်ခု ဖြစ်လာမယ့် Dubai Frame ကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှာ အများပြည်သူအတွက် စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ဇာဘီလ်ပန်းခြံမှာရှိတဲ့ အဲဒီနေရာကို မနက် ၁၀ နာရီကနေ ည ၇ နာရီအထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး လူကြီးတွေအတွက် ၀င်ကြေး ဒီရ်ဟမ် ၅၀၊ ကလေးငယ်တွေအတွက် ဒီရ်ဟမ် ၂၀ ကျသင့်မှာ ဖြစ်ပါတယ်။ အသက် ၆၀ ကျော်အရွယ် လူကြီးတွေကတော့ အဖော်နှစ်ဦးနဲ့အတူ အခမဲ့ဝင်ခွင့်ရမှာပါ။
ဒူဘိုင်း စည်ပင်သာယာရေးဌာနက ညွှန်ကြားရေးမှူးချုပ် ဟူစိန် လူတာက Dubai Frame ဟာ ပြည်သူတွေအတွက် နှစ်သစ်ကူးလက်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရ်ဟမ် သန်း ၂၆၀ လောက်ကုန်ကျခဲ့တဲ့ Dubai Frame ရဲ့ တာဝါတစ်ခုစီဟာ မီတာ ၁၅၀ မြင့်ပြီး ၉၃ မီတာရှည်တဲ့ တံတားနဲ့ ဆက်ထားပါတယ်။ ဒီတာဝါပေါ်ကနေ မြို့ကို ၃၆၀ ဒီဂရီ ကြည့်နိုင်မှာဖြစ်ပြီး ဒူဘိုင်းရဲ့ အတိတ်၊ ပုစ္စုပ္ပန်နဲ့ အနာဂတ်တို့ကို မြင်ရမှာ ဖြစ်ပါတယ်။
Frame ရဲ့ မြောက်ဖက်က ဒူဘိုင်းမြို့ဟောင်း၊ တောင်ဖက်က မြို့သစ်ဖြစ်တဲ့ ခေတ်သစ်ဒူဘိုင်းတို့ကို ကြည့်ရှုနိုင်မှာပါ။
ဒီ Dubai Frame ကို တစ်နှစ် ခရီးသွား ၂ သန်းလောက် လည်ပတ်မယ်လို့ မျှော်လင့်ထားပါတယ်။
Ref : Khaleej Times
Comments