နိုဝင်ဘာ၊ ၃ ရက်၊ ၂၀၁၂
M-Media
သတင်း – မောင်ပုည
အတွဲ ၄ အမှတ်စဉ် ၁၅ ၂၀၁၂ နိုဝင်ဘာ ၁ ရက် နေ့ထုတ် စာမျက်နှာ ၄ တွင် လွန်ခဲ့သည့် ၂ ပါတ် အရင် ဗီးနပ်စ် ဂျာနယ်တွင် ပြည်ခိုင်ဖြိုးပါတီက စီစဉ်သည့် ဘောလုံးပွဲကြောင့် ရမည်းသင်းတွင် အကြမ်းဖက်မှု့ဖြစ် သတင်းဖော်ပြမှုတွင် ရမည်းသင်း ဗမက ရပ်ကွက် တွင် ဘင်္ဂါလီများနေထိုင်ဟု ရမည်းသင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်လွင် မပြောဆိုဘဲ ၄င်းတို့ဂျာနယ်မှ ပေါဆမှုဖြင့် မှားယွင်းဖော်ပြခဲ့ခြင်းဖြစ်သည် ဟု အယ်ဒီတာမှ တောင်းပန်စာထည့်ခဲ့သည့် တွေ့ရှိရပါသည်။
အောက်တိုဘာ ၁၆-ရက်နေ့ထုတ် ဗီးနပ်စ်ဂျာနယ်တွင် ဖော်ပြခဲ့သော အကြောင်းအရာများနှင့်ပတ်သက်ပြီး ရမည်းသင်းမြို့ ဗမကရပ်ကွက် ဒေသခံ တိုင်းရင်းသား ဗမာမွတ်စလင်မ်များက တရားစွဲရန် စီစဉ်ခဲ့ကြောင်း M-Media မှာ အောက်တိုဘာ ၁၈ ရက်နေ့သတင်းတွင် ဖော်ပြခဲ့ပြိးဖြစ်ပါသည်။
ဗီးနပ်စ်ဂျာနယ်တွင် အကြမ်းဖက်သူများကြောင့် လူငယ်နှစ်ဦး ဓားထိုးခံရကာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း မုခ်ဦးနှင့် တံခါးတွေ မွတ်စလင်မ်တွေ ဖျက်ဆီးခဲ့ကြောင်း ၊ဗမကရပ်ကွက်တွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီများဖြစ်တယ်ဆိုပြီး ဒုရဲအုပ်ကျော်နိုင်လွင်က ပြောခဲ့တယ်လို့ ဗီးနပ်စ်ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
တိုင်းပြည်အတွင်း မတည်ငြိမ်မှုများဖြစ်နေသော ယခုလိုအချိန်မျိုးတွင် မဟုတ်မမှန်သတင်းပေးသည့် ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား ရမည်းသင်းမြို့ ဗမကရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ဗမာမွတ်စလင်မ်များက စိတ်ဆိုး ဒေါသဖြစ်ကြကြောင်း၊ တိုင်းပြည်ရဲ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး မှန်ကန်စွာရပ်တည်မှုမရှိဘဲ လိမ်ညာပြောသည့် ရမည်းသင်းရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား တရားစွဲဆိုရန် သတင်းများထွက်ပေါ်ပြီး ၂ ပတ်ခန့်အကြာ ယခုကဲ့သို့ ဗီးနပ်စ်ဂျာနယ်မှ တရားဝင် တောင်းပန်စာ ထည့်လာခြင်းဖြစ်သည်။
Comments