ဇန်န၀ါရီ ၂၇၊ ၂၀၁၈
M-Media
– ခြစားမှုစွဲချက်များဖြင့် ဖမ်းဆီးခံထားရသည့် ဘီလီယံနာ တော်ဝင်မင်းသား အလ်ဝါလီဒ် ဘင် တာလာလ်မှာ ပြန်လည်လွတ်မြောက်လာသည်ဟု မိသားစုက ယနေ့တွင် ပြောကြားခဲ့သည်။
အလ်ဝါလီဒ်မှာ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၏ ခြစားမှုတိုက်ဖျက်ရေး စီမံချက်ဖြင့် ၂ လကျော်ကြာ ဖမ်းဆီးခံခဲ့ရသည့် တော်ဝင်မင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များထဲတွ င် ပါဝင်ခဲ့သူဖြစ်သည်။
ယမန်နေ့က Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် အလ်ဝါလီဒ်က ၎င်းအနေဖြင့် မည်သည့်အမှားမှ မလုပ်ခဲ့ကြောင်း ထင်ရှားသည့်အတွက် ရက်အနည်းငယ်အတွင်း ပြန်လွတ်မည်ဟု ပြောကြားခဲ့သည်။
၎င်းလွတ်မြောက်လာမှုနှင့်ပတ်သက်၍ ဆော်ဒီအာဏာပိုင်းများက ထုတ်ပြန်ခြင်းမပြုသေးဘဲ မည်သည့် သဘောတူညီချက်ဖြင့် လွတ်မြောက်လာသည်ကိုလည်း မသိရှိရသေးပေ။
အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဦးဆောင်သည့် ခြစားမှုတိုက်ဖျက်ရေး စီမံချက်တွင် ဆော်တော်ဝင်အသိုင်းအ၀ိုင်းမှ သူကြွယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် လူပေါင်း ၃၅၀ ခန့်ကို ဖမ်းဆီးကာ ရက်ပေါင်း ၈၀ ကြာ စစ်ဆေးခဲ့ပြီး အများစုမှာ ငွေကြေးများနှင့် ပိုင်ဆိုင်မှုများ ပေးဆောင်ကာ ဖြေရှင်းရန် သဘောတူခဲ့သည်။ လူ ၉၀ ကို ဆော်ဒီက လွှတ်ပေးခဲ့ပြီး ၉၅ ဦးကို အရက်ဖက် တရားရုံးများသို့ လွှဲပြောင်းပေးသွားမည်ဟု ဆော်ဒီအာဏာပိုင်များက ကြေငြာခဲ့သည်။
Ref : Reuters
Comments