6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
နိုဝင်ဘာ၊ ၄ ၊ ၂၀၁၂
M-Media Blog ကဏ္ဍ
Blogger- ဂျူလိုင်ရဲရင့်
မှောင်ရီသန်းလုပြီ …။  ယာဉ်အသွားအလာရှုပ်ထွေးလွန်းလှတဲ့ Tanjong Pagar အရပ်မှာ ဖွင့်ထားတဲ့ အစားအသောက်ကဖီးဆိုင်က အလုပ်ပြီးလို့ သူ ထွက်လာခဲ့တယ်။ သူ့ရဲ့ ဇနီး၊ သမီးငယ်နဲ့အတူ ၀ါဖြေဖို့ အိမ်ကို အမြန်သုတ်ခြေတင်နေတာလေ။ စားသောက်ဖွယ်ရာစီစဉ်ပေးတဲ့ တစ်နေ့တာအလုပ်ကနေ ပင်ပန်းနွမ်းလျစွာ ပြန်လာပေမယ့်လည်း အိမ်အနီးက ဗလီဝတ်ကျောင်းတော်မှာ ညဥ့်ပိုင်းစုပေါင်းသရာဝီးဟ် ဆွလာသ်ဝတ်ပြုရေးကိုဘဲ သူ့မှာ ဇောကပ်နေတယ်။ သူက မီကာအီလ် ၀မ်ယုချိုင်း၊ အသက်က ၂၈ နှစ်။

ရမ်ဿွာန် ဆိုတာ သူ့အဖို့ သူ့ဘ၀အတွက် တကယ့် အမှတ်တရ၊ အဓိပ္ပါယ်ပြည့်ဝလွန်းတဲ့ ကာလ အပိုင်းအခြားလေး ဖြစ်နေလို့ပါဘဲ။

လွန်ခဲ့တဲ့ သုံးနှစ်ကျော် သူ့ရဲ့ကူးပြောင်းမှုစတင်လိုက်ကတည်းက သူဟာ တာဝန်ကျေပွန်တဲ့မုစ်လင်မ် တစ်ဦးဖြစ်အောင် ကြိုးစားခဲ့သူပါ။ ရမ်ဿွာန်တစ်လုံးလုံး မလျှော့စတမ်း ဥပုသ်သီလ တစ်ရက်မပျက်အောင်၊ သရာဝီးဟ်ဆွလာသ် တစ်ညဥ့် မလစ်လပ်စေအောင် လုံးပန်းတဲ့ကြားက အလုပ်လည်း ဆင်းနေခဲ့သူဖြစ်တယ်။ ဒီ အစ္စလာမ့်မဏ္ဍိုင်ကို ပြည့်ပြည့်၀၀ ဖြည့်ဆည်းဖို့အတွက် အချိန် နဲ့ စွမ်းအင်ထုတ်နိုင်တာ – တာဝန်လည်း ကျေပွန်တဲ့ လုပ်သားတစ်ဦးဖြစ်နေတာဟာ တကယ့်ကို ချီးကျူးစရာပါ။ ဒီကနေ့ကာလမှာ ဘ၀တစ်လျှောက် မုစ်လင်မ်အဖြစ် ကျင့်ကြံနေထိုင်ရတဲ့အခွင့်အလမ်းကို ဖော်ဆောင်ပေးတော်မူခဲ့ အလ္လာဟ်အရှင်မြတ် (SWT) ကို သူ့မှာ ကျေးဇူးသိတတ်လို့ မဆုံးပေဘူး။ တကယ့်ကောင်းချီးမင်္ဂလာပါဘဲလို့ သူက ရိုးရိုးစင်းစင်း ဆိုပါတယ်။

ရှေးရိုးစွဲတရုတ်မိသားစုအတွင်း မွေးဖွားလာပြီး တာအိုဝါဒကိုလက်ခံထားသူပီပီ သူ့မိဘ သွန်သင် ပေးတဲ့အတိုင်း နေ့စဉ်ဝတ်တက်မှုကို အခါအားလျော်စွာ ပြုလုပ်လေ့ရှိတယ်။ မီကာအီလ်ဟာ အလုပ်သမား ခေါင်းဆောင်တစ်ဦးရဲ့ သားကြီးသြရသ ဖြစ်ပြီး၊ ကော်ဖီဆိုင်တစ်ခုက လက်ထောက်ကြီးကြပ်သူဖြစ်တယ်။ မိဘ တွေက သူတို့နှစ်သက်ရွေးချယ်ထားတဲ့အယူဝါဒကိုဘဲ ကြပ်ကြပ်မတ်မတ် လိုက်နာရမယ်လို့ သူ့အပေါ် ကန့်သတ်မထားခဲ့ပါဘူး။

ကလေးဘ၀အရွယ်  Taman Jarong  မှာနေခဲ့စဉ်တုန်းက သူ့အိမ်နီးချင်းအပေါင်းအဖော်တွေဟာ သူ့ကို အရပ်ထဲက ချာ့ခ်ျကျောင်းဆီ ခေါ်ဆောင်ပြီး ခရစ်ယာန်အယူဖက် မသိမသာ သိမ်းသွင်းခဲ့ဖူးတယ်။ သူက ကလေးပီပီ အဆော့သန်ကစားမက်သူဖြစ်သလို သူငယ်ချင်းတွေနဲ့အတူ ချာ့ခ်ျမှာ စားကောင်းသောက်ဖွယ်တွေ ကို အလကားစားသောက်ရတဲ့အခါ တဖြည်းဖြည်းနဲ့ မီကာအီလ်အဖို့ စိတ်အပြောင်းအလဲ စတင် ဖြစ်ပေါ်လာ တော့တယ်။

ချာ့ခ်ျ ဘုရားရှိခိုးကျောင်းတက်နေခဲ့သူ သို့

သူ ငယ်ရွယ်စဉ်မှာ သူငယ်ချင်းတွေနဲ့အတူ ချာ့ခ်ျကို ပုံမှန်သွားပြီး အခိုက်အတန့်ကာလတစ်ခု အထိ ဓမ္မတေး နဲ့ တရားဒေသနာတွေကို နားဆင်တာမျိုး လုပ်ခဲ့တယ်။ ယေရှုသခင်အကြောင်းကိုလည်း သိရှိ သွားခဲ့တယ်။ ခရစ်ယာန်ဝါဒရဲ့ နာမ်ပိုင်းဆိုင်ရာအယူအဆဟာ တာအိုဝါဒနဲ့ ခြားနားလွန်းနေတာကြောင့် သူ့အဖို့ မျောပါသွားခဲ့ရတာပေါ့။ ချာ့ခ်ျကျောင်း စတက်တဲ့နေ့ကတည်းက ဒီလိုဖြစ်နေခဲ့ပေမယ့်လည်း သူ့ရဲ့ မိသားစု Simei ကို ရွှေ့ပြောင်းပြီးတဲ့နောက်မှာတော့ အဲ့ဒီအယူဝါဒကို သူကျောခိုင်းခဲ့ပါတယ်။ သူ့မိသားစုနေရပ် အသစ်ဖြစ်တဲ့ အရှေ့ဖျားဆီကနေ အနောက်ဖျားက တမျှော်တခေါ် နေရာဟောင်းဆီ အချိန် နဲ့ အားထုတ်မှု တော်တော်စိုက်ထုတ်လို့ရက်သတ္တပတ်ပေါင်းများစွာ ချာ့ခ်ျ သွားတက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကာလကြာ ရှည်လာတာနဲ့အမျှ အချိန်ယူရလွန်းလို့ အဲ့ဒီအမှုကို ရပ်နားလိုက်ရပါတော့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ယုံကြည်ချက်ရှာဖွေရေး ခရီးစဉ်ဟာဖြင့် ရပ်တန့်မသွားခဲ့ပါဘူး။

ဗုဒ္ဓ၀ါဒနှင့် ထိတွေ့မှု

နှစ်အနည်းငယ်ကြာပြီးတဲ့နောက် မီကာအီလ်ဟာ ထိုင်းလူမျိုးတို့ရဲ့ ရိုးရာဗုဒ္ဓအယူတစ်မျိုးကို သိရှိလာခဲ့တယ်။ အဲ့ဒီဂိုဏ်းဂဏရဲ့ စရိုက်သဘာဝဟာ ထူးခြားလျှို့ဝှက်လွန်းလှလေတော့ ငယ်ရွယ်သန်စွမ်းပြီး တစ်သီးပုဂ္ဂလဆန်တဲ့လူငယ်ပီပီ အထူးစိတ်ဝင်စားသွားတယ်ပေါ့။  Simpang Bedok  က အဲ့ဒီဂိုဏ်းဝင် ဗုဒ္ဓ ဘာသာဘုရားကျောင်းကို သွားလေ့ရှိပြီး အဲ့ဒီဝါဒရဲ့ မန္တန်ရွတ်မှုတွေ၊ ကျင့်ဆောင်မှုတွေကို ရှာဖွေလေ့လာ သင်ယူခဲ့တယ်။

ဒီဘာသာတရားရဲ့ထိတွေ့မှုမှာ မီကာအီလ်အဖို့ အမှတ်တရအဖြစ်ဆုံးကတော့ ဗုဒ္ဓရုပ်ပွားတော် ဆွဲကြိုးလေးပါဘဲ။ သူဟာ လည်ပင်းမှာ အမြတ်တနိုးဆွဲထားလေ့ရှိတယ်။ အဲ့ဒီအရာဟာ သူ့ကို နာမ်ပိုင်း တိုးတက်မှု နဲ့ စိတ်ဓါတ်အင်အားပြည့်ဝမှုကို ပေးစွမ်းမယ်လို့ ယုံကြည်ထားခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအကျိုးသြဇာ သက်ရောက်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက် တစ်စစ မှေးမှိန်သွားတဲ့အခါ မီကာအီလ်က ရှေ့ဆက်မတိုးခဲ့ သလို သိပ်ပြီးလည်း စိတ်မပါတော့ဘူး။ ဒါနဲ့ စင်္ကာပူမှာ ကျယ်ကျယ်ပြန့်ပြန့်ခေတ်စားနေတဲ့ ဗုဒ္ဓ၀ါဒ နောက် တစ်မျိုးဆီ ခုန်ကူးလိုက်ပြန်တယ်။ အဲ့ဒီဝါဒက တိရစ္ဆာန်အသားတွေကို စားသောက်ခွင့်မရှိတဲ့ အယူမျိုးလေ။

သူ နှင့် အစ္စလာမ်

မီကာအီလ်ဟာ အစ္စလာမ်ကိုဖွေရှာဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးပါဘူး။ သူက အစ္စလာမ်ဆိုတာ မလေးလူမျိုးနဲ့ဘဲသက်ဆိုင်တယ်လို့ ယိုးမှတ်ထားတာလေ။ မုစ်လင်မ်တွေက မလေးလူမျိုးပါဘဲလို့သာ ထင်မှတ်ထားခဲ့တယ်။ အစ္စလာမ့်အယူဝါဒဆိုင်ရာတားမြစ်ကန့်သတ်ချက်တွေသက်သက်ကိုဘဲ အပေါ်ယံလေး လောက်ကြည့်ပြီး အစ္စလာမ်ဆိုတာ တင်းကြပ်လွန်းတဲ့သာသနာအဖြစ် အမြင်ရှိနေခဲ့တယ်။ ၀က်သား မစားရ – အရက်မသောက်ရ – ဘာဆိုဘာမှမလုပ်ရတဲ့အပြင် နံရံကို ၀တ်ပြုရှိခိုးနေကြတယ် ဒါမှမဟုတ် နံရံဖက်ကိုဘဲ မျက်နှာမူဦးချနေကြတယ်လို့ဘဲ တွေ့သိနေရတာကိုး။

အလ္လာဟ်အရှင်မြတ် ( SWT ) ရဲ့ကရုဏာတော်အရ နောက်ပိုင်းမှာ သူ့ချစ်သူမုစ်လင်မ်မိန်းကလေး က သူ့ကို အစ္စလာမ်အကြောင်းလေ့လာရေးလုပ်ကြည့်ပါဦးလို့ တိုက်တွန်းလာခဲ့တယ်။ ဒါနဲ့ သူက ဒါရုလ် အရ်ကမ်ရဲ့ BCI သင်တန်း တက်ဖြစ်သွားတာ။ အယူဝါဒရေးရာသိမ်းသွင်းခံရမှုမရှိဘဲ သာသနာအပေါ်လွတ်လပ် စွာလေ့လာခွင့်ရခဲ့ပေမယ့် အစပိုင်းမှာ အစ္စလာမ်သာသနာကို သံသယ၀င်နေခဲ့သေးတယ်လို့ သူ ၀န်ခံခဲ့တယ်။

ဒွိဟစိတ်တွေဖြစ်နေလင့်ကစား သင်တန်းမပြတ်တက်ပြီး သင်ခန်းစာ အတော်များများ ကျော်လွန် ဖြတ်သန်းပြီးတဲ့နောက်မှာတော့ အစ္စလာမ့်စည်းမျဉ်းနိယာမတွေထဲကနေ ရိုးစင်းမှုကိုသတိပြုမိပါတော့တယ်။ သူ ကြုံဆုံခဲ့ဖူးတဲ့ သာသနာတွေနဲ့ခြားနားစွာ အစ္စလာမ့်ရှုထောင့်ကဖော်ပြထားတဲ့ ဘုရားသခင်အယူအဆနဲ့ ပတ်သက်ပြီး သိမ်မွေ့တဲ့အနှစ်ရသကို ခံစားလိုက်ရတယ်။ အဲ့ဒီသင်ရိုးထဲကနေဘဲ အစ္စလာမ်နဲ့မုစ်လင်မ်တွေ အပေါ် သူ့ရဲ့ ကနဦးအမြင်/အစောပိုင်းသုံးသပ်ချက်တွေဟာ တလွဲတချော်ချည်းဘဲဆိုတာ နားလည်သွားတယ်။ အစ္စလာမ်သာသနာဟာ မလေးလူမျိုးအတွက်သာလျှင် မဟုတ်ဘူးလို့သိရှိလိုက်တဲ့အခါ လောကတစ်ခွင်ရဲ့ ရတနာဖြစ်ကြောင်း သဘောပေါက်သွားတယ်လေ။

ခြေစုံပစ်လို့ ၀င်ရောက်ခြင်း

အခုဆိုယင် ချစ်သူမိန်းကလေးနဲ့ ပျော်ပျော်ရွှင်ရွှင်လက်ထပ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ မီကာအီလ်ဟာ မုစ်လင်မ်နဲ့ထိမ်းမြားခဲ့လို့ အစ္စလာမ့်ဘောင်ထဲ ရောက်လာရခြင်းဖြစ်မှာပါဆိုပြီး ယူဆကောင်း ယူဆမိကြပေလိမ့်မယ်။ သို့ပေမယ့်လည်း သူ့ကိုယ်၌က သာသနာကို တကယ် နစ်ဝင်ကိုင်းရှိုင်းသူရယ်ပါ။ သူ့ မုစ်လင်မ်ချစ်သူနဲ့ မညားခဲ့ယင်တောင်မှ အစ္စလာမ်ကို လက်ခံသက်ဝင်ခဲ့မှာဘဲလို့ သူက ဆိုတယ်လေ။

မီကာအီလ်ဟာ မုစ်လင်မ်ဖြစ်လာတာနဲ့တစ်ပြိုင်နက် သူ့နေ့စဉ်ဘ၀ပုံဟန်ကို ပေါ့ပါးစွာဘဲ အပြောင်းအလဲလုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့လုပ်ငန်းခွင်အတွင်းမှာပင် မိနစ်ပိုင်းလောက် အချိန်လေးထုတ်ယူပြီး ဆွလာသ်တွေ ၀တ်ပြုတတ်လာတယ်။ ဆွလာသ်၊ ဆွောင်မ် စတဲ့ အိဗာဒဟ်တွေကို ရိုးရိုးစင်းစင်းပြုလုပ်နေလင့် ကစား မိမိဘ၀မှာ မဖော်ပြတတ်တဲ့ တင်းတိမ်အားရမှုများ ကြုံတွေ့နေရတယ်လို့ သူကဆိုပါတယ်။ သူ့ရွေးချယ်မှုအပေါ် နားလည်ပေးတဲ့ မိဘများကလည်း သူ့အပေါ် ခွဲခြားဆက်ဆံတာမျိုး လုံးဝ မရှိပြန်ပါဘူး။ သူ ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုတော့ရှိတယ် – သူ့လုပ်ဖော် ကိုင်ဖက်များဟာ  သူ့ကို အိုစာမာ ( ဘင်လာဒင်) နဲ့ တစ်တန်းတစ်စားတည်းသတ်မှတ်နေတာကိုပေါ့။ ဒါပေမယ့် ဒါကို သူအမှတ်သည်းခြေ မထားပါဘူး။ သူ့ရဲ့ အဲ့ဒီလုပ်ဖော်ကိုင်ဖက်ဟာ တစ်ချိန်တုန်းက သူကိုယ်တိုင်လိုဘဲ အစ္စလာမ်အကြောင်း ဘာမှမသိခဲ့သူတစ်ဦး သာလျှင်ဖြစ်လို့နေမှာပါလို့ တည်ငြိမ်တဲ့အမြင်နဲ့တစ်ကွ မိမိကိုယ်ကို ပြန်သတိပေးနေမိပါတော့တယ်။

 

စာပန်းချီ –  အာအိယှဟ် ဟုစိုင်းန်

TMR :  Vol 24 , No. 2 , 2006 May-Aug , Pg 43-44

TMR :  Following Faith ( 2010-2011 ), Pg 81-82

စလာမ်၊ ဒုအာအ်ဖြင့်

ဂျူလိုင်ရဲရင့်

Leave a Reply