နိုဝင်ဘာ၊ ၄ ၊ ၂၀၁၂
M-Media Blog
ရေးသူ- စောအဲဗညား
အမ်မရီ…………….
ဆယ့်တစ်နှစ်အရွယ် လူမမယ်ရဲ့
အမေပြောတဲ့ တစ်ထောင့်တညပုံပြင်ဟာ
ဒီတစ်ညအတွက်တော့
အိပ်မက်မက်ခွင့် မရှိခဲ့ရှာဘူး။ ။
ကျွမ်းလောင် သွေးပျက် အော်ဟစ်သံကြားမှာ
ညဟာ…..လူးလွန့်ရင်းငြိမ်သက်ခဲ့ပေါ့။ ။
သွေးဆာနေတဲ့ မျက်ဝန်းအစုံစုံနဲ့
တလက်လက် ဓါးရောင်အောက်မှာ
ပုံစံအမျိုးမျိုးနဲ့ ရှင်သန်မှုဟာ
တစ်စစီ……ပြိုလဲ…ဖရိုဖရဲ…..ကြေကွဲစရာ။ ။
သူဖက်တွယ်ထားတဲ့ အမေရဲ့ရင်ခွင်ဟာ
ရင်ခုန်သံရပ်…သွေးအလိမ်းလိမ်းကပ်နေလေရဲ့။ ။
ခုတော့
ပြေးလွှားဆော့ကစားဖူးတဲ့ကမ်းခြေဟာ
ထာဝရနေရမယ့်အိမ်မြေလား။
ရေကြည်တစ်ပေါက်သောက်ဖို့ ဆားငံရေကမ်းစပ်မှာ
ငေးမောရင်းရပ်နေခဲ့တဲ့ခလေးငယ် ရေ။
စိတ်မလျှော့နဲ့ ခေါင်းမော့ထားပါ
လည်ပင်းသွေးကြောထက်နီးတဲ့ ဖန်ဆင်းရှင်ရဲ့
ဂရုဏာတော် တစ်စုံတရာအောက်မှာ
အစားပေးတော်မူသောအရှင်စီရင်တဲ့ တနေ့သောအခါ
တစ်နေ့သောအခါ။ ။
စောအဲဗညား
Comments