6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၇၊ ၂၀၁၇
M-Media

အကြမ်းဖက်တိုက်ခိုက်ခံရပြီး မြင်ကွင်း

 

– သီရိလင်္ကာနိုင်ငံအလယ်ပိုင်း ကန်ဒီမြို့တွင် အရေးပေါ်အခြေအနေ ကြေငြာထားသော်လည်း မွတ်စလင်များအပေါ် ဆင်ဟာလီအစွန်းရောက်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ပြီးခဲ့သည့်တစ်ပတ် နိုင်ငံအရှေ့ပိုင်းတွင် ဗုဒ္ဓဘာသာလူအုပ်က မွတ်စလင်များ၏ ဆိုင်များ၊ အိမ်များ၊ ဗလီဝတ်ကျောင်းတော်တို့ကို တိုက်ခိုက်ဖျက်ဆီးမှုမှ အစပြုခဲ့သည့် မတည်ငြိမ်မှုမှာ ယခုတစ်ပတ်တွင် ကန်ဒီမြို့အထိ ကူးစက်လာခဲ့ပြီး ယမန်နေ့က အရေးပေါ်အခြေအနေ ကြေငြာရသည်အထိ ဖြစ်ခဲ့သည်။

သို့သော်လည်း ယမန်နေ့ညပိုင်းတွင် ကန်ဒီမြို့အနီးရှိ မာဒါဝါလာရွာတွင် အဆောက်အဦးများကို ဖျက်ဆီးမှုများ ရှိနေဆဲဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

“အဆောက်အဦတစ်ခု မီးရှို့ခံရတဲ့အသံကို ကျွန်တော်ကြားတယ်။ အပြင်ထွက်ကြည့်တော့ မီးတော်တော်လောင်နေတာကို တွေ့ခဲ့ရပါတယ်” ဟု ရွာသား မိုဟာမက် မာနာဇီရ်က ပြောကြားခဲ့သည်။

အဆိုပါဆိုင်မှာ မွတ်စလင်တစ်ဦးပိုင်ဆိုင်သော ကားပစ္စည်းအရောင်းဆိုင်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဗလီဝတ်ကျောင်းတော်တစ်ခု တိုက်ခိုက်ခံရမှု

“လက်ရှိတော့ ဘာပြဿနာမှ မရှိတော့ပါဘူး။ ရဲနဲ့ စစ်တပ်က ဒီနေရာကို အပြည့်အ၀ ထိန်းချုပ်ထားပြီး၊ မီးသတ်ကလည်း မီးညှိမ်းပေးခဲ့ပါတယ်”

ကိုလံဘိုအခြေစိုက် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်သည့် Ground Views က ကန်ဒီမြို့ အရှေ့မြောက်ပိုင်းရှိ ၀ါတီဂါမာရွာတွင် ဗလီဝတ်ကျောင်းတော်တစ်လုံးကို လူအုပ်က တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ဖော်ပြခဲ့ပြီး ဖျက်ဆီးခံရသည့် ဓာတ်ပုံများကို လွှင့်တင်ခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ် ဆင်ဟာလီဗုဒ္ဓဘာသာဝင်များ၏ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း မွတ်စလင်များနှင့် ထိပ်တိုက်တွေ့ဆုံမှုတွင် ဆင်ဟာလီတစ်ဦး သေဆုံးခဲ့ပြီးနောက် ကန်ဒီတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်မှစ၍ သီရိလင်္ကာနိုင်ငံတစ်ဝှမ်းတွင် မွတ်စလင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပြီး ဘုန်းကြီးများဦးဆောင်သည့် ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ BBS က သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာရှိသော မွတ်စလင်များမှာ ၎င်းတို့၏ ဘာသာအတွင်းသို့ အဓမ္မသိမ်းသွင်းကာ၊ ဗုဒ္ဓဘာသာ၏ သမိုင်းဝင်နေရာများကို ဖျက်ဆီးမှုများ ရှိသည်ဟု ဆင်ဟာလီအစွန်းရောက်များက စွပ်စွဲထားသည်။

BBS အဖွဲ့၏ အစွန်းရောက်အယူအဆကြောင့် နိုင်ငံအတွင်းရှိ လူနည်းစု ခရစ်ယာန် ဘာသာဝင်များလည်း ပြီးခဲ့သည့်နှစ်များအတွင်း တိုက်ခိုက်ခံခဲ့ရသည်။

Ref: Aljazeera

Tags:

Comments are closed.