6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၅၊ ၂၀၁၈
M-Media

ဒဏ်ရာရရှိသူတစ်ဦး ဆေးရုံ၌ ဆေးကုသမှု

– နိုင်ငံမြောက်ပိုင်းမှာ တာလီဘန်တိုက်ခိုက်ရေးသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ဆိုတဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတွေ သေဆုံးမှုမရှိဘူးလို့ အာဖဂန်အာဏာပိုင်တွေရဲ့ ပြောကြားမှုကို သေဆုံးသွားသူတွေရဲ့ မိသားစုတွေက ပယ်ချလိုက်ပြီ လိမ်ညာပြောစကားသာဖြစ်တယ်လို့ ဆိုပါတယ်။

ကန်ဒုဇ်ပြည်နယ် ဒက်ရှ် အီ အာခီခရိုင်က ဘာသာရေးကျောင်းတစ်ခုကို တနင်္လာနေ့ လေကြောင်းက တိုက်ခိုက်မှု အတွင်း ကလေးငယ်တွေနဲ့ အရပ်သားအများစုအပါအ၀င် လူ ၁၀၀ လောက် သေဆုံးခဲ့ပါတယ်။

ခရိုင်အာဏာပိုင်တွေက လူ ၇၀ သေဆုံးတယ်လို့ဆိုပြီး ဗဟိုအစိုးရကလည်း သူတို့အနေနဲ့ တာလီဘန်တွေရဲ့ အစည်းအဝေးကို ပစ်မှတ်ထား တိုက်ခိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။

မျက်မြင်သက်သေတွေနဲ့ ဒေသတွင်းအာဏာပိုင်တွေကတော့ ကုရ်အာန်ကျမ်းစာ အာဂုံဆောင်မှု ပြီးမြောက်တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပနေတဲ့အချိန် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ရဒ်မာနစ်ရှ်က သူတို့ရဲ့ထောက်လှမ်းရေးသတင်းတွေအရ တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန် အရပ်သားတွေ တစ်ယောက်မှ ရှိမနေကြောင်း၊ ကန်ဒုဇ်မြို့ကို သိမ်းပိုက်ဖို့ တာလီဘန်တွေ လုပ်နေတဲ့ အစည်းအဝေးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီအရပ်သားတွေ သေဆုံးမှုအတွက် အစိုးရက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်”

ရဒ်မာနစ်ရှက်က ဆေးရုံကို တင်ပို့လိုက်ရတဲ့ အရပ်သားတွေဟာ ကျည်ဆံဒဏ်ရာတွေရှိနေတယ်လို့ ပြောကြားခဲ့ပြီး သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဖခင်တစ်ဦးကတော့ ဒါကို ငြင်းဆိုပါတယ်။

“ကျွန်တော့်သားက အသက် ၁၃ နှစ်အရွယ်သာ ရှိသေးပြီး ကုရ်အာန်တစ်အုပ်လုံး အာဂုံဆောင်နိုင်ကာ ဒီ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပါဝင်ခဲ့ပါတယ်။ ကျွန်တော့်သားလေးဟာ လှလှပပ၀တ်ဆင်ထားပြီး ကုရ်အာန် အာဂုံဆောင်နိုင်တဲ့အတွက် တော်တော်ပျော်နေတာပါ။ သူ့အလောင်းမှာ ကျည်ဆံရာမရှိပါဘူး။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာပါ။ ပစ်ခတ်မှုကြောင့် မဟုတ်ပါဘူး” လို့ အဘူလ် ခါလစ်က ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်သား အခု သေဆုံးသွားပြီ။ နက်ဖြန် အသုဘချရမယ်။ ကလေးတွေကို ဘာ့ကြောင့် ပစ်မှတ်ထားတိုက်ခိုက်လဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်တို့ အမှန်တရားကို သိဖို့ လိုပါတယ်” လို့ ခါလစ်ကဆိုပြီး အစိုးရဟာ မရိုးသားဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

ကန်ဒုဇ်က ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြီးအကဲ အဘ်ဒူလ် မာတင် အာတီဖီက မြို့တွင်းက ဆေးရုံတွေမှာ အရပ်သားအလောင်း ၃၀ လောက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီက လေကြောင်းက တိုက်ခိုက်မှုအတွင်း အရပ်သားတွေ သေဆုံးတယ်ဆိုတဲ့ သတင်းတွေကို လက်ခံကြောင်း ပြောကြားခဲ့ပေမယ့် သူတို့ဟာ တိုက်ခိုက်မှုတွေလုပ်ဖို့ အစည်းအဝေးလုပ်တဲ့ တာလီဘန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“အာဖဂန်အမျိုးသားစစ်တပ်ဟာ တိကျတဲ့သတင်းအချက်အလက်ကို အခြေခံပြီး အတော်လေး ထိခိုက်စေမယ့် ဖြစ်ရပ်ဆိုးကြီးကနေ ပြည်သူတွေကို ကယ်တင်ဖို့ ဒီလိုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပမယ့် တိုက်ခိုက်မှုအတွင်း အရပ်သားတွေ ထိခိုက်ဒဏ်ရာတွေ ရတယ်ဆိုတဲ့ သတင်းတွေကို စိတ်မကောင်းစွာ ကြားခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ ကျောထောက်နောက်ခံရှိထားတဲ့ အာဖဂန်လေတပ်ဟာ ပြီးခဲ့တဲ့လတွေအတွင်း နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြင့်လုပ်ဆောင်ခဲ့ပြီး တာလီဘန်တွေကို စားပွဲဝိုင်းပေါ်ပြန်ခေါ်ဖို့ တွန်းအားပေးတာပါ။

ဒါပေမယ့် အဲဒီတိုက်ခိုက်မှုတွေမှာ အရပ်သား သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

အခုလအစောပိုင်းမှာ အာဖဂန်လုံခြုံရေးနဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေဟာ နန်ဂါဟာရ်ပြည်နယ်က ချာပါဟာရ်ခရိုင်မှာ စီးနင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဆယ်ကျော်သက် ၂ ဦး အပါအ၀င် လယ်သမား ၇ ဦး သေဆုံးခဲ့ပါတယ်။

အာဖဂန်တာဝန်ရှိသူတွေကတော့ သေဆုံးသူတွေဟာ တာလီဘန်တိုက်ခိုက်ရေးသမားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်န၀ါရီ ၃၁ ရက်နေ့ကလည်း အမေရိကန်လေတပ်ရဲ့ ပစ်ကူနဲ့ အာဖဂန်စစ်တပ်ဟာ ကန်ဒါဟာပြည်နယ်က မိုင်ဝမ်းခရိုင်မှာ ထိုးစစ်ဆင်ခဲ့ပြီး အနည်းဆုံး အရပ်သား ၂၀ သေဆုံးခဲ့ပါတယ်။

Ref : Aljazeera

Comments are closed.