6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၅၊ ၂၀၁၈
M-Media

ကာဒီနယ် လူးဝစ် တူရန်

– ခရစ်ယာန်နိုင်ငံသားတွေအတွက် နိုင်ငံအတွင်း ဘုရားကျောင်းတွေ ဆောက်လုပ်ပေးရေး ဆော်ဒီဟာ ဗာတီကန်နဲ့ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးလိုက်တယ်လို့ အီဂျစ်သတင်းတွေက ဖော်ပြပါတယ်။

ဗာတီကန်က ဘာသာပေါင်းစုံဆွေးနွေးညှိနှိုင်းရေးကောင်စီ အကြီးအကဲ ကာဒီနယ် လူးဝစ် တူရန် ဧပြီလက ဆော်ဒီကို လာရောက်လည်ပတ်စဉ်အတွင်း အခုလို လက်မှတ်ရေးထိုးလိုက်တာဖြစ်တယ်လို့ အီဂျစ် Independent သတင်းစာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့တာပါ။

Vatican News နဲ့အင်တာဗျူးမှာ ကာဒီနယ် တူရန်က အနာဂတ်ဆွေးနွေးမှုကို လမ်းဖွင့်ပေးနိုင်မယ့် ကြေငြာချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့တယ်ဆိုတာ အတည်ပြုခဲ့ပေမယ့် ဆော်ဒီမှာ ခရစ်ယာန်ဘုရားကျောင်းတွေ တည်ဆောက်ဖို့ကိစ္စနဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

တူရန်ဟာ ဆော်ဒီကို လာရောက်လည်ပတ်မှုအတွင်း ဘုရင် ဆလ်မန် ဘင် အဘ်ဒူလ်အဇစ် အပါအ၀င် ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

လက်ရှိမှာ ဆော်ဒီအစိုးရဟာ အစ္စလာမ်ကလွဲပြီး အခြားဘာသာတွေကို ကျင့်သုံးခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အခုသတင်းနဲ့ပတ်သက်ပြီး ဆော်ဒီဖက်က ဘာမှ မထုတ်ပြန်သေးပါဘူး။

Ref: Aljazeera

Comments are closed.