ဇွန် ၂၁၊ ၂၀၁၈
M-Media
– အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ဇနီး ဆာရာကို နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ အစ္စရေး တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဝန်ကြီးချုပ်ရုံးညွှန်ကြားရေးမှူးဟောင်းဖြစ်သူ အဇ်ရာ ဆာအီဒေါ့ဖ်နဲ့အတူ တရားစွဲဆိုခံလိုက်ရတာ ဖြစ်ပါတယ်။
သံသယဖြစ်မှုတွေထဲမှာ ဂျေရုစလင်က ၀န်ကြီးချုပ်ရဲ့နေအိမ်ကို ပြင်ဆင်မှုမှာ ကန်ဒေါ်လာ တစ်သိန်းလောက် အလွဲသုံးစားလုပ်ခဲ့မှုလည်း ပါဝင်တယ်လို့ တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆာရာ နေတန်ယာမှုဟာ နိုင့်ထက်စီးနင်းလုပ်တဲ့ အပြုအမူတွေ အများအမြင်မှာ လိုအပ်တာထက်ပိုပြီး ဖြုန်းတီးတဲ့ လုပ်ရပ်တွေကြောင့် ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် နေတန်ယာဟု ကိုယ်တိုင်လည်း ခြစားမှုသံသယနဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပါတယ်။ နေတန်ယာဟုကတော့ စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး မီဒီယာက သူနဲ့ သူ့ဇနီးတို့ကို နာမည်ဖျက်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
Ref: Aljazeera
Comments