6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၁၊ ၂၀၁၈
M-Media

စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း

– စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းအပါအ၀င် စင်ကာပူနိုင်ငံသား ၁.၅ သန်းလောက်ရဲ့ ဆေးမှတ်တမ်းတွေကို ဟက်ကာတွေက ဖောက်ထွင်းရယူသွားတယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး ကျန်းမားစောင့်ရှောက်မှုလုပ်ငန်း SingHealth လက်အောက်က အထူးကုဆေးခန်းတွေ၊ ရိုးရိုးဆေးခန်းတွေမှာ ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့က ၂၀၁၈ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့အထိ လာရောက်ပြသခဲ့တဲ့ လူနာတွေရဲ့ အမည်၊ နေရပ်လိပ်စာ၊ လိင်၊ မှတ်ပုံတင်နံပါတ်၊ လူမျိုးနဲ့ မွေးဖွားရာနေ့ စတဲ့ အချက်အလက်တွေ ခိုးယူခံလိုက်ရတာဖြစ်ပါတယ်။

အဲဒီဆိုက်ဘာတိုက်ခိုက်မှုဟာ ဇွန်လ ၂၇ ရက်နေ့ကနေ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၄ ရက်နေ့မှာတော့ ဆိုက်ဘာလုံခြုံရေးအဖွဲ့ဟာ တိုက်ခိုက်မှုကို သိရှိတားဆီးနိုင်ခဲ့ပါတယ်။

SingHealth က ဟက်ကာတွေဟာ ၀န်ကြီးချုပ် လီရှန်လွန်းရဲ့ ကိုယ်ရေးမှတ်တမ်းကို အဓိကထားပြီး အကြိမ်ကြိမ် ပစ်မှတ်ထား ရယူခဲ့တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက လူနာတွေရဲ့ ဆေးမှတ်တမ်းတွေ၊ ဆေးစစ်ချက်တွေ၊ ရလဒ်တွေ၊ ဒေါက်တာတွေရဲ့ မှတ်ချက်တွေကတော့ ဘေးကင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုအတွက် စင်ကာပူ ဆိုက်ဘာလုံခြုံရေးအဖွဲ့ (CSA) နဲ့ စင်ကာပူ ကျန်းမာရေးအချက်အလက်စနစ် (IHiS) တို့က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီး အချက်အလက် ခိုးယူခံလိုက်ရသူတွေကိုလည်း SingHealth က အသိပေးသွားမယ်လို့ ဆိုပါတယ်။

စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ဒီတိုက်ခိုက်မှုဟာ သာမန် လက်တည့်စမ်းတာမျိုးမဟုတ်ဘဲ ကျွမ်းကျင်တဲ့ ဟက်ကာတွေက စနစ်တကျ တိုက်ခိုက်သွားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုး နောက်ထပ် မဖြစ်စေဖို့အတွက် ကျန်းမာရေးအချက်အလက် စနစ်ကို အစအဆုံး ပြန်လည်စစ်ဆေးဖို့အတွက် အစိုးရက IHiS ကို ညွှန်ကြားထားပါတယ်။

Ref: Aljazeera

Tags:

Comments are closed.