သြဂုတ် ၁၅၊ ၂၀၁၈
M-Media
– ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှာ တနင်္ဂနွေ၊ တနင်္လာ ၂ ရက်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၉၀ နီးပါး ပြိုကျခဲ့ပြီး နောက်ထပ် ၄၀ လောက် ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီရေနဲ့ လေပြင်းဒဏ်ကို ဖျာပုံမြို့နယ်က ရွာတော်တော်များများ ခံစားခဲ့ရပြီး အာဏာပိုင်တွေက ၆၇၃ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဘိုဘိုဇော်မင်းက ပြီးခဲ့တဲ့ ၃ လအတွင်းမှာ ဒီရေဟာ ပုံမှန်ထက် ပိုတက်လာခဲ့တာကြောင့် ကမ်းပါးတွေပြိုကာ နေအိမ်တွေ ပြိုကျတာဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဖျာပုံခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ စင်တာက ထိခိုက်ခံစားရသူတွေထံ ဆန်နဲ့ အခြား ကယ်ဆယ်ရေးပစ္စည်းတွေ ပေးဝေခဲ့ပြီး ပြိုကျသွားတဲ့ ဓနိမိုးထရံကာ အိမ်ပိုင်ရှင်တွေကို အိမ်ထောင်စုတစ်စု ၁ သိန်းဆီ၊ ပျဉ်ထောင်အိမ်ပိုင်ရှင်တွေကို ၂ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာစင်တာရဲ့ ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားခဲ့ပါတယ်။
“ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးတွေက ပိုမိုဆိုးရွားလာတယ်။ အစိုးရကတော့ တတ်နိုင်သလောက် ကြိုးစားနေပါတယ်။ ဒါပေမယ့် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဆိုးကျိုးတွေကို လျှော့ချနိုင်မှာပါ”
ထူးကဲဒီရေတက်မှုကြောင့် မွန်ပြည်နယ်က ကျိုက်ထိုနဲ့ ပေါင်မြို့နယ်တွေ၊ ရန်ကုန်က သုံးခွမြို့နယ်တွေမှာပါ နေအိမ်ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။
Ref: Irrawaddy
Comments