နိုဝင်ဘာ၊ ၁၅ ၊ ၂၀၁၂
M-Media
(၃၀-၁၀-၂၀၁၂) အဘိဓမ္မာ အခါတော်နေ့ တွင် ကျင်းပသော မုတ္တမမြို့ မြစေတီနန်းဦးစာသင်တိုက်တွင် “ဂဏ၀ါစက သံဃာကွန်ရက်” မိတ်ဆက်ပွဲကိုပြုလုပ်ပြီး နန်းဦးကျောင်း ဆရာတော် အရှင်သဒ္ခမ္မ မှဦးဆောင်ပြီး အစ္စလာမ်ဆန့်ကျင်ရေးတရားများကို အဆိုပါ အခမ်းအနားတွင် ဟောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ယခုအခါ ထိုကွန်ရက်သည် အစ္စလာမ်ဆန့်ကျင်ရေးစာများကို ပြောင်ပြောင်တင်းတင်း ဝေငှလျှက်ရှိပြီး စည်းရုံးရေးများကိုလည်းဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။
ထိုဆရာတော်က အဘိဓမ္မာအခါတော်နေ့မှ အခမ်းအနားကြီးတွင် ပရိသတ်များအား ” မွတ်စလင်မ်တွေ ဗလီမှာ အော်အော်နေတဲ့အအဓိပ္ပါယ်ကိုသိလား အဲသည်အဓိပ္ပါယ်ကို ကျောင်းဝင်းအတွင်းမှာလည်း ကပ်ထားပေးတယ်။ ဘုန်းကြီးလည်းပြန်ပြောမယ် အဲသည်အော်နေတဲ့အဓိပ္ပါယ်ဟာ အိုအလ္လာ ဘုရားသခင် အစ္စလာမ်သာသနာမှအပ ကျန်ဘာသာဝင်များကို ချေမှုန်းပြစ်တော်မူပါ ။ထိုဘာသာဝင်တို့၏ အစည်းအရုံများကိုဖြိုခွဲပြစ်တော်မူပါ။ ထိုဘာသာဝင်များ၏ အောက်ခြေများကိုရိုက်ချိုးပြစ်တော်မူပါ။ ထိုဘာသာဝင်များ၏ မြို့ရွာများကိုမြေလှန်ပြစ်တော်မှုပါ။ အစ္စလာမ်ဘာသာမှအပ အခြားဘာာသာဝင်များ နလန်မထူနိုင်အောင်ချပေးတော်မူပါဟုဆိုသည့် အဓိပ္ပါယ်ဖြစ်ကြောင်းနှင့် မိမိအနေဖြင့် ခိုင်ခိုင်လုံလုံနှင့် ပြောတာဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်းလည်း မငြင်းနိုင်ကြောင်း” စသည်ဖြင့် အစ္စလာမ်ဆန့်ကျင်ရေးကို ဟောကြားခဲ့ပါသည်။
” အစ္စလာမ်ဘာသာရဲ့ ၇၈၆ ဆိုတဲ့စကားလုံးဟာပေါင်းခြင်း ၂၁ ဖြစ်တယ် (၂၁)ရာစုမှာ အစ္စလာမ်ဘာသာ ကမ္ဘာကို ကြီးစိုးရမယ်ဆိုတဲ့ သဘောပဲ။! အင်မတန်ကိုမှ ယုတ်မာကောက်ကျစ်တဲ့ လူတွေ တို့ဗုဒ္ခဘာသာ သာသနာကိုဖျက်ဆီးမယ့် စကားလုံးဖြစ်တယ်” စသည်ဖြစ် အစ္စလာမ်မုန်းတီးရေးများဟောကြားခဲ့တယ်လို့သိရပါတယ်။
္ဒ ” ဓမ္မ၀ါဒကြီးစိုးဖို့အတွက် အဓမ္မကို တိုက်ထုတ်ရမယ် အဓမ္မကိုတိုက်ထုတ်ရင်းနဲ့ အပ္ပါယ်ကိုလည်းရောက်နိုင်တယ် အပ္ပါယ်ကိုရောက်ရင်ရောက်စေ အဓမ္မ၀ါဒကိုတိုက်ထုတ်ရမယ် အစရှိသည်ဖြစ် အစ္စလာမ်ဆန်ကျင်ရေးများကိုဟောကြားပါသည်။
” ဘုန်းကြီးက သထုံမြို့ကိုရောက်တယ် သထုံက ဗုဒ္ဓဘာသာစတင်ပြန့်ပွားခဲ့တဲမြို့ ဘယ်အခု သထုံသွားတော့ မုတ်ဆိတ်တဖားဖားနဲ့ ကောင်တွေများနေပြီး ဒီကောင်တွေများနေတာ အကောင်းမဟုတ်ဘူး ဒီကောင်တွေက သူတို့အိမ်ကို သူတို့မီးရှို့ပြီး ထွက်သွားရင်ဘယ်လိုလုပ်မလဲ ဆိုပြီး အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များကို မတရားပုတ်ချပြောဆိုဟောပြောခဲ့တယ်လို့သိရပါတယ်။
ယခုအခါ မွန်ပြည်နယ်တွင် အဆိုပါ သံဃာကွန်ရက်မှ ဦးဆောင်ပြီး “969” အမှတ်အသားစာရွက်ကို ဗုဒ္ခဘာသာဆိုင်တွေ ကားတွေမှာ လိုက်ကပ်နေတယ်လို့ သိရပါတယ်။ အဲသည် စာရွက်ကပ်ထားတဲ့ ဆိုင်မှာ ဘယ်လို ၀ယ်စားရမယ်။ တဖြည်းဖြည်းနှင့် အစ္စလာမ်တွေကို ရှင်းပစ်ရမယ် အစရှိသည်ဖြင့် လူငယ်များကိုအင်အားစုပြီး အစ္စလာမ်ဆန့်ကျင်ရေးသင်တန်းများကိုပေးကြောင်း မြို့ခံတစ်ဥိးက သတင်းပေးပို့လာပါသည်။
ယခုကဲ့သို့ အစ္စလာမ့်ဆန်ကျင်ရေး လုပ်ငန်းများကို ဦးဆောင်ပြီးလုပ်နေသူမှာ မုတ္တမမြို့ မြစေတီနန်းဦစာသင်တိုက် အရှုင်သဒ္ခမ္မ ဖြစ်ကြောင်း ၄င်းမှာ အစ္စလာမ်ဘာသာကို မုန်းတီးစိတ်ကြီးသူတစ်ဦးဖြစ်ပြီး မန္တလေးမြို့မှ အစ္စလာမ်ဆန့်ကျင်ရေး တစိုက်မတ်မတ် လုပ်ဆောင်နေသူ ဦးဝီရသူ(မစိုးရိမ်) ရဲ တပည့်အရင်းဖြစ်ကြောင်း သိရှိရပါသည်။
Comments