အောက်တိုဘာ ၁၈၊ ၂၀၁၈
M-Media
– မြို့ပြစနစ်၊ ကားလမ်းတွေနဲ့ မော်တော်ယာဉ်တွေကို တက္ကဆီတွေကနေတစ်ဆင့် စောင့်ကြည့်မယ့် စနစ်တစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့ အာဏာပိုင်တွေက အခုတစ်ပတ်အတွင်းမှာ စတင်လိုက်ပါတယ်။
တက္ကဆီတွေရဲ့ ရှေ့နဲ့နောက်၊ အတွင်းပိုင်တွေမှာ ဉာဏ်ရည်တုနည်းပညာသုံး ကင်မရာတွေကို တပ်ဆင်ကာ စောင့်ကြည့်မှာဖြစ်ပြီး ရှေ့ပြေးစမ်းသပ်မှုအနေနဲ့ တက္ကဆီ ၁၀ စီးကို တပ်ဆင်ပေးထားပါတယ်။
ကင်မရာတွေကနေ ကားနံပါတ်ပြားတွေ၊ လူတွေရဲ့မျက်နှာတွေကို အလိုအလျောက် မှတ်တမ်းတင်မှာဖြစ်ပြီး၊ ယာဉ်ကျောအခြေအနေကိုလည်း စောင့်ကြည့်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအချက်အလက်တွေကို သက်ဆိုင်ရာ ဌာနအသီးသီးကို ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒူဘိုင်း တက္ကဆီ ကော်ပိုရေးရှင်းရဲ့ စီအီးအို ဒေါက်တာ ယူဆက် အလ် အလီက နံပါတ်ပြားတွေကို စောင့်ကြည့်တဲ့စနစ်ဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ချိုးဖောက်တာ၊ ကားအခိုးခံရတာ၊ ဒါမှမဟုတ် လိုင်စင်သက်တမ်းတိုးဖို့ လိုနေတာမျိုးလို ကိစ္စတွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
အခုလို စမ်းသပ်မှု အောင်မြင်ရင် နောက်ပိုင်းမှာ ဒီနည်းပညာကို ဒူဘိုင်းက တက္ကဆီ အစီး ၅၀၀၊ အဲဒီနောက်ပိုင်း တက္ကဆီအားလုံးမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ကားမောင်းသူကို စောင့်ကြည့်တဲ့စနစ်၊ ယာဉ်နောက်ပိုင်းအန္တရာယ် သတိပေးစနစ်တွေလို အဆင့်မြင့်နည်းပညာတွေကို ဒူဘိုင်းက တက္ကဆီလုပ်ငန်းမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တပ်ဆင် အသုံးပြုလာခဲ့ပါတယ်။
Ref: Alarabiya
Comments