6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၇၊ ၂၀၁၈
M-Media

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်များ

– ပင်လယ်ကွေ့ ၆ နိုင်ငံနဲ့ အီဂျစ်တို့ ပါဝင်မယ့် စစ်ရေးမဟာမိတ်အဖွဲ့ကို လာမယ့်နှစ်မှာ ဖွဲ့စည်းသွားမယ်လို့ ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး ခါလစ် ဘင် အဟ်မဒ် အလ် ခါလီဖာက ဒီကနေ့ မြို့တော် မနာမာမှာပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။

အဖွဲ့ကို ‘အရှေ့အလယ်ပိုင်း မဟာဗျူဟာ မဟာမိတ်အဖွဲ့’ (MESA) လို့ အမည်ပေးမှာဖြစ်ပြီး၊ ပယ်လယ်ကွေ့ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို တုန့်ပြန်ဖို့အတွက် ဒီအဖွဲ့ ဖွဲ့စည်းဖို့ တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

“ဒီမဟာမိတ်အဖွဲ့ဟာ ဒေသတွင်း လုံခြုံးရေး၊ သာယာဝပြောရေးအတွက်ဖြစ်ပြီး မူဘောင်တွေကို လက်ခံတဲ့ ဘယ်သူ့ကိုမဆို ၀င်ခွင့်ပေးမှာပါ” လို့ ခါလီဖာက ပြောကြားခဲ့ပါတယ်။

မဟာမိတ်အဖွဲ့ဟာ စီးပွားရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကာတာနိုင်ငံဟာ အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးတယ်လို့ ဆိုကာ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့က ၂၀၁၇ ခုနှစ်မှာ ကာတာအပေါ် ပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပါတယ်။ ကာတာကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ ဒီလို ဆက်ဆံရေး တင်းမာနေပေမယ့် MESA အဖွဲ့မှာ ကာတာလည်း ပါဝင်မှာဖြစ်ပါတယ်။

MESA မဟာမိတ်အဖွဲ့ ဖွဲ့စည်းဖို့ကိစ္စကို အမေရိကန်အိမ်ဖြူတော်က ဇူလိုင်လမှာ ကြေငြာခဲ့ပြီး ‘အာရပ်နေတိုး’ အဖွဲ့လို့ ခေါ်တွင်ခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီအဖွဲ့ဟာ အီရန်ရဲ့ ကျူးကျော်မှု၊ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတွေကို ဟန့်တားရာမှာ အထောက်အကူဖြစ်ကာ အရှေ့အလယ်ပိုင်းဒေသကို တည်ငြိမ်အေးချမ်းစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

Ref : Aljazeera

Comments are closed.