M-Media
နိုဝင်ဘာ ၁၇၊ ၂၀၁၂
I am Yours သီချင်းဖြင့် မြန်မာပရိသတ်နှင့်မစိမ်းလှသော အမေရိကန် အဆိုတော် ဂျေဆင်မားဇ် (Jason Mraz) သည် လာမည့်ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပပျောက်ရေး ရည်စူးပြီး အခမဲ့ဖျော်ဖြေသွားမည်ဟု အေပီသတင်းတစ်ရပ်က ဖော်ပြသည်။
ဂရမ်မီဆုရ ဂျေဆင်မားဇ်၏ဖျော်ဖြေပွဲကို ရွှေတိဂုံခြေရင်းရှိ ပြည်သူ့ရင်ပြင်တွင် ဒီဇင်ဘာ ၁၆ ၌ကျင်းပသွားမည်ဟုလည်း သိရသည်။ ထိုဖျော်ဖြေပွဲကြောင့် မားဇ်သည် နိုင်ငံတကာအဆိုတော်များအကြား အာရှနိုင်ငံများတွင် open-air concert ပြုလုပ်မည့် ပထမဆုံးအဆိုတော်စာရင်းဝင်ဖြစ်မည်ဟုလည်း သုံးသပ်ထားသည်။
ထိုရှိုးပွဲကို လူကုန်ကူးမှုပပျောက်ရေးတွင်ကျယ်ပြန့်နှံ့စေဖို့ လှုပ်ရှားနေသည့် MTV EXIT မှ စီစဉ်ခြင်းဖြစ်သည်။
Comments