နိုဝင်ဘာ ၁၀၊ ၂၀၁၈
M-Media
– လာမယ့်တစ်ပတ် စင်ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းကို တက်ရောက်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။
ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေဟာ ၄ ရက်တာ ကြာမြင့်မှာဖြစ်ပြီး ကြေငြာချက်ပေါင်း ၆၀ လောက်လည်း ထွက်လာဖို့ ရှိနေပါတယ်။
အာဆီယံအစည်းအဝေးနဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အခြားကိစ္စတွေကို ဆွေး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ဆွေးနွေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်က အာဆီယံရေးရာဌာနက ပြောပါတယ်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံက ဒေါ်အောင်ဆန်းစုကြည်ဟာ မလေးရှား ၀န်ကြီးချုပ် မဟာသီယာမိုဟာမက်အပါအ၀င် ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
“အာဆီယံအစည်းအဝေးတွေကို သူမ တက်ရောက်မှာဖြစ်ပြီး စီးပွားရေးဖိုရမ်မှာ အချို့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်”
စက်တင်ဘာလက ကျင်းပပြုလုပ်ခဲ့တဲ့ ကုလအထွေထွေညီလာခံမှာ မဟာသီက ရခိုင်ပြဿနာအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ဖူးပါတယ်။
နိုဘ၀င်ဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကြာမြင့်မယ်ံ အကြိမ် ၂၀ မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ ၃၃ ကြိမ်မြောက် အဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ခရီးသွားကဏ္ဍ၊ တရားမျှတမှု၊ ပညာရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး၊ ‘ပြည့်စုံသော မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်’ ကို ထိထိရောက်ရောက် အကာင်အထည်ဖော်ရန် ဒေသတါင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Ref: mmtimes
Comments