ဒီဇင်ဘာ ၁၃၊ ၂၀၁၈
M-Media
– ဆီးရီးယားနိုင်ငံအရှေ့ပိုင် ဒီအက်ဇိုရ်ပြည်နယ်မှာ IS အကြမ်ဖက်သမားတွေ သိမ်းပိုက်ထားတဲ့ နောက်ဆုံးမြို့ကို ကာ့ဒ်တပ်ဖွဲ့ရဲ့ မဟာမိတ် SDF အဖွဲ့က ဒီနေ့မနက်မှာ ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။
ဟာဂျင်မြို့ဖြစ်ပြီး ကာ့ဒ်တွေဦးဆောင်တဲ့ ဆီးရီးယားလက်နက်ကိုင်အဖွဲ့က စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုင်းပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး မနေ့မှာတော့ လက်ကျန် IS အဖွဲ့ဟာ မြို့ရဲ့အစွန်မှာ ပိတ်မိသွားခဲ့ပါတယ်။
IS တိုက်ခိုက်ရေးသမားတွေဟာ လူထုနဲ့ ရောနှောနေပြီး သူတို့ထံကနေ နယ်မြေတွေ ပြန်သိမ်းလိုက်ပေမယ့် တိတ်တဆိတ် လှုပ်ရှားနေတဲ့အဖွဲတွေ ဆက်လက်အားကောင်းနေဆဲ ဖြစ်ပါတယ်။
ဒီအက်ဇိုမြို့မှာ ပြည်သူ ၂၅၅၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လက်ရှိ ဆီးရီးယားအစိုးရစစ်တပ် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နေထိုင်နေရပါတယ်။
IS အကြမ်းဖက်အဖွဲ့ဟာ ရေနံကြွယ်ဝတဲ့ ဒီအက်ဇိုရ်ပြည်နယ်ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ပြီး ဆီးရီးယားစစ်တပ်က ပြည်နယ်ရဲ့ အဓိကမြို့တွေကို ပြီးခဲ့တဲ့နှစ်မှာ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။
Ref: Aljazeera
Comments