ဒီဇင်ဘာ ၁၉၊ ၂၀၁၈
M-Media
– မွေးထားတဲ့ ကလေးငယ်ကို နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာရဲ့အမည်ပေးခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦးကို ဗြိတိန်က စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်ကျော်အထိ ချမှတ်လိုက်ပါတယ်။
အသက် ၂၂ နှစ်အရွယ် အဒမ်သောမတ်စ်နဲ့ သူရဲ့ဇနီး အသက် ၃၈ နှစ်အရွယ် ကလော်ဒီယာ ပါတာတက်စ်တို့ဖြစ်ပြီး ဘာမင်ဂမ်ခရောင်းတရားရုံးက ထောင်ဒဏ် ၆ နှစ်ခွဲနဲ့ ၅ နှစ် အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၆ မှာ ဗြိတိန်က ပိတ်ပင်ခဲ့တဲ့ နာဇီလက်သစ်အဖွဲ့ National Action ရဲ့ အဖွဲ့ဝင်ဖြစ်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ဒီဇနီးမောင်နှံနဲ့အတူ အခြား ၄ လူဦးကိုလည်း တရားရုံးက အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွယ်မှုအတွက် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီထဲကတစ်ယောက်ဟာ သောမတ်စ်နဲ့ ကလော်ဒီယာတို့ရဲ့ သူငယ်ချင်း ဒါရန် ဖလက်ချာ ဆိုသူဖြစ်ပြီး သူ့ရဲ့သမီးကို နာဇီအလေးပြုနည်း သင်ပေးခဲ့သူပါ။
ဇနီးမောင်နှံ ၂ ယောက်ဟာ သူတို့ကလေးရဲ့အမည်မှာ ‘အဒေါ့ဖ်’ လို့ ထည့်သွင်းမှည့်ခေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး သောမတ်စ်ဟာ လူဖြူအစွန်းရောက်အဖွဲ့ KKK ၀တ်စုံဝတ်ကာ ကလေးငယ်ကို ချော့သိပ်နေတဲ့ ဓာတ်ပုံကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။
ကလော်ဒီဟာဟာ ‘ဂျူးတွေအားလုံးကို သတ်ပစ်ရမယ်’ လို့ National Action က အဖွဲ့ဝင်တစ်ဦးကို ပြောကြားခဲ့ကြောင်းလည်း တရားရင်ဆိုင်မှုမှာ ပေါ်ထွက်ခဲ့ပါတယ်။
Ref: CNN
Comments