ဇန်န၀ါရီ ၇၊ ၂၀၁၈
M-Media
– နိုင်ငံမြောက်ပိုင်း ခိုင်ဘာ ပက်သွန်ခွါပြည်နယ်က ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို အမျိုးသားအမွေအနှစ်အဖြစ် ပါကစ္စတန်က သတ်မှတ်လိုက်ပါတယ်။
ပြည်နယ်မြို့တော် ပက်ရှ်ဝါရ်က Panj Tirath လို့ အမည်ရတဲ့ ရှေးဟောင်းဘုရားကျောင်းဖြစ်ပြီး နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ ရှေးဟောင်းအမွေနှစ်နှင့် ပြတိုက်များဆိုင်ရာ ဌာနက ဒီဘုရားကျောင်းကို အမျိုးသားအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
Panj Tirath ပရဝုဏ်အတွင်း ရေကန် ၅ ခု၊ ဘုရားကျောင်းနှစ်ခုနဲ့ မြက်ခင်းပြင်တို့ ပါဝင်ပြီး လက်ရှိမှာ ပန်းခြံအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ ဘုရားကျောင်းဟာ ဟိန္ဒူဘာသာဝင်တွေအတွက် အမြင့်မြတ်ဆုံး ဘုရားကျောင်းတွေထဲက တစ်ခုလည်းဖြစ်ပြီး ရေကန်ထဲက ရေတွေဟာ အနာရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
ပျက်ဆီးယိုယွင်းနေတဲ့ အဲဒီဘုရားကျောင်းကို ပြည်နယ်အစိုးရက ၂၀၁၆ ခုနှစ်ကတည်းက စတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဘုရားကျောင်းကို ပျက်ဆီးအောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ဒဏ်ငွေ ရူပီး ၂ သန်းအထိ၊ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။
Ref: Thelogicalindian
Comments