6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၉၊ ၂၀၁၉
M-Media

– ကမ္ဘာ့သမုဒ္ဒရာတွေက အပူချိန်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း စံချိန်တင်ပမာဏကို ရောက်ရှိခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှုဟာ ရေနေသတ္တာဝါတွေရဲ့ ဘ၀တွေကိုပါ ခြိမ်းခြောက်လာနေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

ကုလရဲ့ ကမ္ဘာ့ မိုးလေ၀သနှင့်ဇလဗေဒအဖွဲ့ WMO ရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ၄ နှစ်ဟာ ကမ္ဘာကြီးမှာ အပူဆုံးနှစ်တွေဖြစ်ခဲ့ပြီး အခြားသော ရာသီဥတုဆိုင်ရာ အညွှန်းကိန်းတွေကလည်း စိုးရိမ်စရာကောင်းတဲ့အနေအထားအထိ ရောက်ရှိလာတယ်လို့ သတိပေးခဲ့ပါတယ်။

သမုဒ္ဒရာတွေရဲ့အထက် မီတာ ၂၀၀၀ က အပူချိန်မြင့်တက်မှုဟာ ပြီးခဲ့တဲ့နှစ်မှာ စံချိန်တင်ပမာဏကို ရောက်ရှိခဲ့ပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့်
ဖြစ်ပေါ်လာတဲ့ အပူချိန် ၉၃ ရာခိုင်နှုန်းလောက်ဟာ သမုဒ္ဒရာတွေမှာ သွားစုတာ ဖြစ်ပါတယ်။ အပူချိန်မြင့်တက်မှု သိသိသာသာ ဖြစ်လာတဲ့ သမုဒ္ဒရာတွေဟာ ကမ္ဘာ့တောင်ဘက်ခြမ်းက သုမဒ္ဒရာတွေဖြစ်တယ်လို့ WMO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အခုနောက်ဆုံး တွေ့ရှိချက်ဟာ အစိုးရတွေ၊ မြို့တွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် သတိပေးခေါင်းလောင်းဖြစ်ပြီး ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်ရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ပြောပြောနေတဲ့ ရာသီဥတု ပြောင်းလဲမှုဆိုတာ ကျွန်တော်တို့ဖြေရှင်းတာထက်ကို ပိုပြီး ဆိုးရွားနေတယ်ဆိုတာကို သက်သေပြနေပါတယ်”

ကုလဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၃ ရက်နေ့မှာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပြီး အခုအချိန်ဟာ ဒီကိစ္စကိုဖြေရှင်းရေး နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။

Ref Aljazeera

Comments are closed.