ဧပြီ ၉၊ ၂၀၁၉
M-Media
– သာစည်၊ မြင်းခြံ၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ မိတ္ထီလာမြို့တွေက ကျေးရွာပေါင်း ၂၈၈ ရွာ မီးလင်းရေး စီမံကိန်းအတွက် ငွေကျပ် ၁၂ ဘီလီယံကျော် (ကန်ဒေါ်လာ ၇.၉၆ သန်း) သုံးစွဲဖို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်က မနေ့မှာ အတည်ပြုလိုက်ပါတယ်။
အဲဒီစနစ်ကို ပုဂ္ဂလိကဘဏ္ဍာရေးထောက်ပံ့မှုစနစ် (PFI) နဲ့ စတင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
“အစပိုင်းမှာ ပုဂ္ဂလိကက စီမံကိန်းအတွက် ငွေကြေးထောက်ပံ့သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရကို လွှဲပေးသွားမှာပါ။ ကုန်ကျစားရိတ်ကိုတော့ သတ်မှတ်ထားတဲ့ နှစ်အပိုင်းအခြားအလိုက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကို ပြန်ပေးသွားရမှာ ဖြစ်ပါတယ်” လို့ မြစ်သားမဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးမင်းအောင်က ပြောကြားခဲ့ပါတယ်။
အစိုးရအနေနဲ့ ၂၀၁၈-၁၉ မှာ ငွေကျပ် ၄ ဘီလီယံ၊ ၂၀၁၉-၂၀ မှာ ၇.၃ ဘီလီယံ၊ ၂၀၂၀-၂၁ ခုနှစ်မှာ ၁.၂ ဘီလီယံ ပြန်ခွဲသွင်းရမှာ ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးအတွင်းက ရွာပေါင်း ၄၇၀၀ ကျော်ကို လျှပ်စစ်မီးပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။
Ref: mmtimes
Comments