6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

တင်ထွန်း၊စက်မှု-၂၊ငြိမ်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၁)

အတိတ်ကာလ မြန်မာ့ဂုဏ်ဆောင် အားကစား သမားတွေထဲမှာ မြန်မာ့လက်ဝှေ့ အားကစားသမား ကျားဘညိမ်း ဆိုတဲ့ ပုဂ်္ဂိုလ်တစ်ဦး ရှိခဲ့ဖူးပါတယ်။

ကျားဘညိမ်းက ကျွန်တော့် ဖခင်နဲ့ သက်တူ ရွယ်တူပါ။ အချိန်ကာလက ခရစ်နှစ် ၁၉၅၅-၅၆ ဖြစ်ပြီး ရက်တစ်ရက်မှာ အောင်ဆန်း အားကစားပြိုင်ကွင်းကို ကျွန်တော့်ဖခင်နဲ့ လိုက်ပါခဲ့ရင်း (National Fitness Council) လို့ခေါ်တွင်တဲ့ အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီကို ရောက်သွားပါတယ်။ အဲဒီ အဆောက်အအုံရှေ့မှာ အထက် ပန်းဆိုးတန်းလမ်း ရှိပြီးလမ်းရဲ့ မျက်နှာချင်း ဆိုင်မှာ စိန့်ဂျိုးဇက်ကွန်ဗင့် အမျိုးသမီး အထက်တန်းကျောင်း (St. Joseph’s Convent) (အခု အထက ၃ မင်္ဂလာတောင်ညွန့်) ဖြစ်ပါတယ်။ ကျွန်တော်ကတော့ စိန့်အန်ထော်နီ ယောက်ျားကလေး အထက်တန်းကျောင်း (St. Anthony’s High School) အခု အထက ၄ မင်္ဂလာ တောင်ညွန့်မှာ ကျောင်းတက်နေတုန်းကာလ ဖြစ်ပါတယ်။

ဖခင်နဲ့ ကျွန်တော်တို့ အဲဒီ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီကို ရောက်လာကြတဲ့ အခါ ဖခင်က သူ့မိတ်ဆွေ တစ်ဦးနဲ့ ကျွန်တော့်ကို မိတ်ဆက် ပေးခဲ့ပါတယ်။
“မင်း ဒီအန်ကယ်လ်ကို သိလား” လို့လည်း ဖခင်က ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်က မသိကြောင်းကို ဦးခေါင်း ခါပြလိုက်ပါတယ်။

အဲဒီမှာ ဖခင်က ကျွန်တော့်ကို-
“အဲဒါ မြန်မာ့လက်ဝှေ့ချန်ပီယံ အန်ကယ်လ် ကျားဘညိမ်းပဲ။ မင်း မှတ်ထား၊ နောင်ကိုတွေ့ရင် မင်းက အရင်နှုတ်ဆက်” လို့ ပြောကြားပါတယ်။ ကျွန်တော်လည်း ဖခင်ကို “ဟုတ်ကဲ့”လို့ ပြန်ပြောပြီး  ဦးခေါင်း ညိတ်ပြလိုက်ပါတယ်။ ဖခင်က ကျွန်တော်ဟာ သူ့သား ဖြစ်တယ်လို့ ပြောတဲ့အခါ အန်ကယ်လ် ကျားဘညိမ်းက ကျွန်တော့်ကို ကြည့်ပြီး ပြုံးရယ်ပြပါတယ်။

အဲဒီအချိန် ကာလက အန်ကယ်လ် ကျားဘညိမ်းဟာ ပြိုင်စံရှားတဲ့ မြန်မာ့ လက်ဝှေ့ကျော် အားကစားသမား တစ်ဦး ဖြစ်ပြီး အန်ကယ်လ် ကျားဘညိမ်းတို့ ခေတ်မှာ ကျွန်တော် သိရှိခဲ့တဲ့ မြန်မာ့ လက်ဝှေ့ အားကစား သမားများမှာ ဘောက်ဆာ (Boxer) မဂျစ်၊ သိန်းမြင့်၊ ဂျိတ်ဘာဝါးနဲ့ နီနီတို့ဖြစ်ကြပြီး ကျွန်တော် မှတ်မိသမျှ ရေးသား တင်ပြတာ ဖြစ်လို့ အဲဒီ အချိန်ကာလက ကျွန်တော့် အသက်အရွယ်ကလည်း ဆယ်ကျော်သက် ဖြစ်နေတာမို့ ကျွန်တော် မမှတ်မိတဲ့ လက်ဝှေ့ အားကစားသမား များလည်း ရှိကြမှာ ဖြစ်ပါတယ်။

အဲဒီ အချိန် ကာလမှာ နာမည်ကျော် မြန်မာ့ လက်ဝှေ့ကျော် အားကစား သမား တစ်ဦးလည်း ရှိခဲ့ပါတယ်။ သူကတော့ ကြေးစားလက်ဝှေ့ သမားဖြစ်တဲ့ ဘောက် ဆာမောင်သောင်းပါ။ သူက အိနိ္ဒယ နိုင်ငံနဲ့ အနောက် နိုင်ငံတွေမှာ ကြေးစား လက်ဝှေ့ ထိုးသတ် နေချိန်လည်းဖြစ်ပြီး အန်ကယ်လ်ကျားဘညိမ်းလို မြန်မာ့ လက်ဝှေ့ကျော် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ကြေးစား လက်ဝှေ့သမား တစ်ဦးပါ။

မြန်မာ့လက်ဝှေ့ လောကမှာ အန်ကယ်လ် ကျားဘညိမ်းက မြန်မာ့ လက်ဝှေ့ကို ကမ္ဘာက သိရမယ် ဆိုတဲ့ ခံယူချက်နဲ့ အညီ တစ်ခေတ်မှာ တစ်ခါသာ ပေါ်ထွန်းခဲ့တဲ့ မြန်မာ့ လက်ဝှေ့ အားကစားသမား တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်လွှား လက်ဝှေ့လောကမှာ လူသိများခဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

အန်ကယ်လ်ကျားဘညိမ်းရဲ့ မိတ်ဆွေ ကျွန်တော့် ဖခင်ကလည်း အခြားသူ တစ်ဦး မဟုတ်ပါ။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်ကာလ မြန်မာ့ဘောလုံး လောကမှာ နာမည်ကျော် ဘောလုံး သမားတစ်ဦး ဖြစ်တဲ့ မြန်မာ့ မီးရထား ဘောလုံး အသင်းက နည်းပြ “ဘောဘုရား ဘာဘာ” ဖြစ်ပါတယ်။ ကျွန်တော့် ဖခင်ရဲ့ အဖေ၊ ကျွန်တော့် အဘိုးကလည်း မန္တလေးသား တစ်ဦးဖြစ်ပြီး ကျွန်တော် ငယ်စဉ် ကာလက မန္တလေးကို မကြာခဏ သွားရောက်ခဲ့ပါတယ်။

ခရစ်နှစ် ၁၉၅၅-၅၆ ၀န်းကျင်ကာလက အောင်ဆန်းကွင်း မြောက်ဘက်ဝင်းမှာ တင်းနစ်ကွင်း နှစ်ကွင်းရှိခဲ့ပြီး ကျွန်တော့်ရဲ့လက်ဦးဆရာ တင်းနစ်နည်းပြက ဆရာ ဦးခင်မောင်သန်း ဖြစ်ပြီး အခုတော့ ကွယ်လွန် သွားရှာခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် အဲဒီကွင်းမှာ တင်းနစ် ကစားပြီးတိုင်း (N.F.C) လို့ခေါ်တဲ့ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီရုံးကို သွားရောက်ပြီး ရေသောက်လေ့ ရှိပါတယ်။ တစ်ခါတစ်ရံမှာ အန်ကယ်လ်ကျားဘညိမ်းနဲ့ တွေ့ဆုံတဲ့ အခါမှာလည်း ကျွန်တော်က လေးလေးစားစား နှုတ်ဆက်တဲ့ အခါ အန်ကယ်လ်ကျားဘညိမ်းကလည်း ကျွန်တော့်ကို ပြန်နှုတ်ဆက်ပြီး သူနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းကိုလည်း ကျွန်တော့် အဖေအား ပြန်ပြောပြဖို့ မှာကြားလေ့ ရှိပါတယ်။

အန်ကယ်လ် ကျားဘညိမ်းကို အခုခေတ် လူငယ်များက သိရှိကြလိမ့်မယ် မဟုတ်ပါ။ ဒါပေမဲ့ အန်ကယ်လ် ကျားဘညိမ်း အကြောင်းကို ကြားဖူးကြသူတွေ ရှိကြသလို မကြားဖူးသူတွေလည်း ရှိကြပါတယ်။ အန်ကယ်လ် ကျားဘညိမ်းခေတ်ကို မီကြသူ များဟာ ဒီနေ့ ဒီအခါမှာ အသက် ၇၀ ကျော် အရွယ်တွေ ဖြစ်နေပါပြီ။ အဲဒီ အသက် အရွယ်ထက် ငယ်ကြသူတွေကတော့ သိရှိကြသူတွေ ရှိကြသလို၊ မသိရှိကြသူတွေ လည်း အများအပြား ရှိကြမှာပါ။

အန်ကယ်လ်ကျားဘညိမ်းဟာ မြန်မာ့ထီးနန်း စိုက်ခဲ့ရာ မြို့တော်ဖြစ်ခဲ့တဲ့ မန္တလေးမြို့သား တစ်ဦးဖြစ်ပြီး မျိုးချစ် စိတ်ဓာတ် အလွန်ပြင်းပြသူတစ်ဦးလည်း ဖြစ်ပါတယ်။ “မြန်မာကို ကမ္ဘာက သိရမယ်”ဆိုတဲ့ စိတ်ဓာတ် အရင်းခံပြီး လက်ဝှေ့ ပြိုင်ပွဲများကို ထိုးသတ်လေ့ ရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။ ပြိုင်ပွဲတွေ မှာလည်း လက်သံပြောင်ပြောင် ထိုးသတ်လေ့ ရှိပါတယ်။ နိုင်ပွဲများစွာကိုလည်း အောင်နိုင် ခဲ့ပါတယ်။ အန် ကယ်လ်ကျားဘညိမ်းဟာ မြန်မာ့လက်ဝှေ့ အားကစားဂုဏ်ဆောင် လက်ဝှေ့ သမားတစ်ဦး ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတွင်းမှာသာ မကဘဲ ပြည်ပ နိုင်ငံများ အထိ သူ့ရဲ့ဂုဏ်သတင်းက မွှေးပျံ့ခဲ့ပါတယ်။

မြန်မာ့ လက်ဝှေ့လောကမှာ အန်ကယ်လ် ကျားဘညိမ်းကို မြန်မာ့ အားကစား ပရိသတ်တွေသာ မကဘဲ အနောက်နိုင်ငံ လက်ဝှေ့ သမားများနဲ့ လက်ဝှေ့ ပရိသတ်တွေကပါ ကြည်ညို လေးစားကြတယ်လို့ လက်ဝှေ့သမား တစ်ဦးက ကျွန်တော့်ကို ပြန်ပြောပြခဲ့ တာမို့ သိခဲ့ရတာလည်း ဖြစ်ပါတယ်။ မြန်မာ့အားကစား ပရိသတ်ရဲ့ သဘော သဘာဝက လက်ရုံးရည်နဲ့ ယှဉ်ပြိုင်ရတဲ့ အားကစားကို အလွန် နှစ်သက်ကြပြီး အထူးသဖြင့် ဘောလုံး ပြိုင်ပွဲနဲ့ လက်ဝှေ့ ယှဉ်ပြိုင် ထိုးသတ်ပွဲတွေကို အလွန် စိတ်ဝင်စားကြပြီး အားပေးလေ့ ရှိတတ် ကြပါတယ်။

ကျွန်တော် ကိုယ်တိုင်ကလည်း မြန်မာ့ လက်ဝှေ့ပွဲတွေနဲ့ အခြား တိုင်းပြည်မှာ လက်ဝှေ့ ယှဉ်ပြိုင်ပွဲတွေကို ကြည့်ရှုတဲ့ အခါတိုင်း အန်ကယ်လ် ကျားဘညိမ်းကို အထူးလွမ်းဆွတ် သတိတရ ဖြစ်ရပြီး အန်ကယ်လ် ကျားဘညိမ်း ရဲ့ သားတစ်ယောက် ဖြစ်တဲ့ ဆရာ ဦးဝင်းငြိမ်း ဆီကိုလည်း စိတ်က ရောက်သွား တတ်ပါတယ်။

ဒီအချိန်မှာ ကျွန်တော်ဟာ ၀န်ထမ်း အဖြစ်ကနေ အငြိမ်းစား ယူထားပြီး အသက်ကလည်း ၆၅ အတွင်း ရောက် နေပါပြီ။ ကျွန်တော် ဖြတ်သန်း လာခဲ့ ရတဲ့ အတိတ် ကာလက ဘ၀ အတွေ့အကြုံတွေကို လစဉ်ထုတ် မဂ္ဂဇင်း တစ်ခုမှာ ရေးသားနေရင်း ကျွန်တော့် ဘ၀ရဲ့ နောက်ဆုံး နေ့တွေကို ဖြတ်သန်း နေပါတယ်။

အန်ကယ်လ် ကျားဘညိမ်းနဲ့ လက်ဝှေ့ အကျော်အမော် ဘောက်ဆာ (Boxer) မဂျစ်တို့ဟာ မင်္ဂလာတောင် ညွန့်မြို့နယ်မှာ ရှိတဲ့ ကျွန်တော့် ဖခင် နေအိမ်ကို မကြာခဏ ရောက်ရှိ လာတတ်ပြီး  အန်ကယ်လ် ကျားဘညိမ်းအကြောင်း ပြောနေတတ်ပါတယ်။ နေစောင်းတော့မှ ပြန်သွား ပါတော့တယ်။ ကျွန်တော်က သူတို့နှစ်ယောက် ပြောကြတဲ့ အကြောင်းအရာတွေကို  ခုထက်ထိ မှတ်မိနေပြီး ပြန်လည် သတိရ အောက်မေ့ပြီး အခုလို အလွမ်းပြေ ပြန်ဖောက်သည် ချနေတာဖြစ်ပါတယ်။
ကျွန်တော့် ဖခင်ဟာ  အန်ကယ်လ် ကျားဘညိမ်းနဲ့ ရင်းနှီးသလို ဘောက် ဆာ(Boxer) မဂျစ်နဲ့လည်း အလွန်ရင်းနှီး ပါတယ်။ ဒါပေမဲ့လည်း သင်္ခါရ လောကကြီးကို မလွန်ဆန် နိုင်ကြသူတွေ ဖြစ်ကြလို့ သူတို့အားလုံး ခုအချိန်မှာ တော့ လူ့ဘောင် လောကကြီးမှာ မရှိကြ တော့ပါ။ ကွယ်လွန် ကုန်ကြပြီ ဖြစ်ပါတယ်။ သက်ရှိ လူသားတွေဖြစ်ကြတဲ့ လူတွေကတော့ လူ့ဘ၀ဇာတ်ခုံကြီးပေါ် မှာ  ကိုယ့်အခန်းကို ကိုယ်တိုင် ကကြ ရပြီးနောက် မိမိရဲ့ အခန်းပြီးဆုံးတဲ့ အခါမှာ ဇာခန်းဆီး လိုက်ကာကြီး အပေါ်ကနေ ကျလာပြီး တစ်ဘ၀ တစ်ဇာတ်သိမ်း သွားကြရတာပဲ ဖြစ်ကြပါတယ်။

ဒီ့အတွက် ကျွန်တော့်ဘ၀ မချုပ် ငြိမ်းခင် ကာလမှာ ကျွန်တော်ဖြတ်သန်း လာခဲ့ရတဲ့ အတိတ်ကာလက အမှတ် တရ ဖြစ်ရပ်တွေကို စာပေ ပရိသတ် သိရှိ စေလိုတဲ့ အတွက် ပြန်လည် ရေးသား ဖော်ပြရင်း ကျွန်တော့်ရဲ့ ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။

ဒီဆောင်းပါးနဲ့ အတူ ၁၉၅၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်ထုတ် မန္တလေး လူထု သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျွန်ုပ်တို့ ကျားကြီး နိုင်ခြင်း သတင်း ဆောင်းပါးကို ပူးတွဲ ဖော်ပြပြီး အန်ကယ်လ် ကျားဘညိမ်း(ဦးကျားဘညိမ်း)ကို ဂုဏ်ပြု လိုက်ပါတယ်။
(မူရင်းသတ်ပုံ အတိုင်း)

ကျွန်ုပ်တို့ ကျားကြီးနိုင်ခြင်း

ရန်ကုန်မြို့ အောင်ဆန်းကစား ကွင်းကြီး၌ ဇန်န၀ါရီလ ၁၆ ရက်နေ့ညက သီဟို လက်ဝှေ့ကျော် ၇ ဦးနှင့် မြန်မာ လက်ဝှေ့ကျော်များ တွေ့ဆ ထိုးသတ်ကြရာ ပွဲ ၇ ပွဲ အနက်တွင် မြန်မာတို့က ၄ ပွဲ နိုင်ပြီး သီဟိုတို့က ၃ ပွဲသာ အနိုင်ရရှိသွားကြောင်း။

ကြည့်အကောင်းဆုံး ၂ ဘက်စလုံးမှပင် လက်ဝှေ့ စည်းကမ်းနှင့် အညီ အားကြိုးမာန်တက် ထိုးသတ် ကြရာ တချီတချီတွင် ပရိသတ်များ ဟာကနဲ၊ ဟယ်ကနဲ အာမေဍိတ် ပြုကြရသည် အထိ လက်ဝှေ့ပွဲများမှာ စိတ်ဝင်စားဖွယ် ကောင်းလှကြောင်း၊ လက်ဝှေ့ပွဲ များမှာ အသဲ တထိတ်ထိတ် ရင်တဖိုဖိုနှင့် ကြည့်၍ အားမရနိုင် လောက်အောင်ပင် ရှိတော့သည်ဟု ပရိသတ်ထုကြီးက မှတ်ချက် ပြုကြရကြောင်း။

ပွဲတိုင်း အဆိုင်းတိုင်း လိုလိုပင် လျင်မြန် ဖြတ်လပ်စွာ ထိုးသတ်ကြခြင်းကို တွေ့မြင် ရကြောင်း၊ အထူးသဖြင့်ကား အနိုင်အရှုံးကို စောင့်ကြည့် နေကြသော ပွဲကြည့် ပရိသတ် ထုကြီးကို စိတ်အကျေနပ် စေဆုံး ၀မ်းအမြူးစေဆုံးနှင့် အသဲထိတ် စေဆုံး ပွဲ ၂ ပွဲမှာ မူကား အိုလံပစ်ပြန် မြန်မာ ရွှေမန်းသား (ကျွန်ုပ်တို့၏)ကျားဘညိမ်းနှင့် ပရီမာဒဆား တို့၏ ဗိုလ်လုပွဲနှင့် အေးကိုနှင့် အကီဆီကရား တို့၏ ဗိုလ်လုပွဲ ၂ ပွဲပင် ဖြစ်တော့ ကြောင်း။



ကျွန်တော် ညံ့သလား ၊ ကျားဘညိမ်း

ကျားဘညိမ်း၏ လက်ဝှေ့ရည်တွင် ကျင်လည်ပါးနပ်ခြင်းနှင့် အလေ့အကျင့် ရှိခြင်းများက သီဟို လက်ဝှေ့ကျော်ကြီး ပရီမာဒဆားအား အကြီးအကျယ် အခက်အခဲ တွေ့စေသည်ကို ပရိသတ်က တွေ့မြင်ရကြောင်း။

ကျားဘညိမ်းမှာ ရန်ကုန်သို့ ဆင်းလာသည့်နေ့ မန္တလေး ချမ်းမြသာစီ လေယာဉ် ကွင်းကပင် လိုက်လံအားပေးပို့ဆောင်ကြသော မိတ်ဆွေများအား “ကျွန်တော့် ညံ့သလား”ဆိုတာကို ကြိုးစား၍ အဖြေပေးပါမည်ဟု ပြောဆိုခဲ့သေးပြီး ရန်ကုန်တွင် လည်း တွေ့ဆုံ အားပေးကြသူ မိတ်သင်္ဂဟ အပေါင်းနှင့် သတင်းထောက်များအား “ကျွန်တော် အစွမ်းကုန် ထိုးသတ်ပါမည်ဟု” ဂတိပေးထားသူဖြစ်သဖြင့် ဗမာ့ ပရိဿတ်က အထူးမြှော်လင့် အားထားလျက်ရှိရာ မြှော်လင့်သည့်အတိုင်းပင် ကျားကြီး၏ ထိုးသတ်ပုံမှာ အထူး ကြည့်ကောင်းလှကြောင်း။ ယှဉ်ပြိုင်ထိုးသတ်သူ သီဟို လက်ဝှေ့ ကျော်ကြီးမှာ အထူးလေ့ကျင့်သားရှိသူ၊ ခံနိုင်ရည် ရှိလှသူ ဖြစ်၍သာ မလဲခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကျားဘညိမ်း၏ ပြင်းထန်လှသော လက်သီးချက်များ ခံရသည်မှာ တစ်ဘက်လူ အတွက် မသက်သာလှသည်ကို ပရိဿတ်က တွေ့မြင်ရကြောင်း။

အားမလို အားမရပွဲ

သီဟိုရဲအား အလဲထိုးချရန် ကျားဘညိမ်းက အကြိမ်ကြိမ် ကြိုးစားနေသည်ကို ပရိဿတ်ကြီးက အားမလို အားမရ ကြည့်နေရပြီး နောက်ဆုံး၌ အမှတ်နှင့် ကျားဘညိမ်း အနိုင် ရသွားခြင်းကိုသာ ကျေနပ် လိုက်ရတော့ကြောင်း။ ထိုညက အနိုင်ရရှိကြသော ဗမာ့ လက်ဝှေ့ကျော်များမှာ ၁။ ကျားဘညိမ်း။ ၂။ အေးကို။ ၃။ ဗင်ကရပ်။ ၄။ သကြား မဂျစ်တို့ဖြစ်ကြောင်း။

၁၉.၁.၅၃ နေ့ထုတ် လူထု သတင်းစာမှ

Leave a Reply