6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၁၊ ၂၀၁၉
M-Media

-ကာတာဟာ နိုင်ငံရဲ့ ပထမဆုံး မြေအောက်ရထားလိုင်းကို မနေ့က ဖွင့်လှစ်ခဲ့ပြီး နောက်ဆုံးပေါ် နည်းပညာသုံး မောင်းသူမဲ့ ရထားနဲ့ ပြေးဆွဲမှာ ဖြစ်ပါတယ်။

Doha Metro Red Line လို့ အမည်ပေးထားတဲ့ အဲဒီရထားလိုင်းဟာ မြို့တော် ဒိုဟာကနေ နိုင်ငံတောင်ပိုင်း အလ်-၀က္ကရာအထိ ပြေးဆွဲမှာပါ။ ကီလိုမီတာ ၄၀ ရှည်လျားပြီး ဘူတာ ၁၈ ခုပါဝင်မှာဖြစ်ကာ လက်ရှိမှာတော့ ဘူတာ ၁၃ ခုအထိ သွားလာနိုင်ပြီ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်ရောက်ရင် နောက်ထပ် ရထားလိုင်းနှစ်လိုင်း၊ ဘူတာ ၃၇ ခုနဲ့ ရထားအစီးပေါင်း ၇၅ စီး ပြေးဆွဲနိုင်ဖို့အတွက် ကာတာက ရည်မှန်းထားပါတယ်။

“ဒီရထားလိုင်းဟာ ကာတာနိုင်ငံရဲ့ စီမံကိန်းကြီးတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝှမ်းလုံးကို သွားနိုင်မယ့် ပို့ဆောင်ရေးလမ်းကြောင်းသစ် လည်း ဖြစ်ပါတယ်။ နိုင်ငံသားတွေ၊ ခရီးသွားတွေ၊ ကာတာနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအားလုံးအတွက် အဆင်ပြေပါလိမ့်မယ်” လို့ ကာတာ ရထားလိုင်းဌာန ပြည်သူ့ဆက်ဆံရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး အဘ်ဒူလာ အလ်-မော်လာဝီက ပြောကြားခဲ့ပါတယ်။

တစ်နာရီကို ကီလိုမီတာ ၈၀ ကနေ ၁၀၀ အထိ သွားနိုင်မယ့် အခုရထားဟာ နောက်ဆုံးပေါ်နည်းပညာသုံး မောင်းသူမဲ့ဖြစ်ပြီး ဂျပန်နိုင်ငံကနေ တင်သွင်းတာ ဖြစ်ပါတယ်။ ရထားမှာ ရိုးရိုးတန်း၊ မိသားစုတန်းနဲ့ Gold Club သုံးမျိုးခွဲထားပြီး ရိုးရိုးတန်းက ကာတာ ၂ ရီယဲလ် (၀.၅ ဒေါ်လာ) နဲ့ Gold Club အတန်းက ၁၀ ရီယဲလ် ကျသင့်မှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေတဲ့ ကာတာဟာ လမ်းပန်းဆက်သွယ်ရေးအပါအ၀င် အခြေခံအဆောက်အဦး တည်ဆောက်ရေး စီမံကိန်း တော်တော်များများကို လုပ်ဆောင်နေပါတယ်။

Ref: Aljazeera

Tags:

Comments are closed.